အထိုင်များတဲ့သူတွေနဲ့ အလုပ်ကြာကြာလုပ်ရလို့ ခြေထောက်ညောင်းတတ်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သီးသန့်မပေးနိုင်လည်း အဆင်ပြေအောင် အလုပ်စားပွဲမှာပဲထိုင်နေရင်းနဲ့ လုပ်လို့ရတဲ့ ခြေထောက်လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Knee Lifts

ခုံမှာ ခါးကိုမတ်မတ်ထားပြီး ထိုင်ပေးပါ။ ပြီးရင် ပုံမှာလုပ်ပြထားသလို ခြေထောက်တစ်ဖက်ကို ကွေးပြီး နည်းနည်းမြှောက်လိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးရင် ရပါပြီ။

Knee-to-Chest

ဒီလေ့ကျင့်ခန်းဆိုလည်း ခုနကလေ့ကျင့်ခန်းနဲ့ ဆင်ပါတယ်။ ဒါကြောင့် လုပ်ရတာလွယ်ကူမှာပါ။ ပုံမှာလုပ်ပြထားသလိုပဲ ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်၊ အကြိမ် ၂၀ လုပ်ပေးရပါမယ်။

Leg Kicks

ပုံမှာလုပ်ပြထားတဲ့အတိုင်း ခါးကိုမတ်ပြီး ခြေထောက်နှစ်ဖက်ကိုစုကာ ခြေထောက်လေးတွေနဲ့ ထောက်ထားပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေထောက်နှစ်ဖက်ကို စုပြီးတော့ အရှေ့ကိုဆန့်ပါ။ အဲ့အတိုင်း ပုံစံနှစ်မျိုးကို တစ်လှည့်စီ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးရမှာပါ။

Seated Heel-To-Toe Raises

ခုံမှာခါးကိုမတ်မတ်ထားပြီး ထိုင်နေပါ။ ပြီးရင် ပုံမှာလုပ်ပြထားသလို ခြေထောက်နှစ်ဖက်ကိုစုပြီး ခြေဖဝါးကိုကြွလိုက်၊ ပြန်ချလိုက်နဲ့ ဆက်တိုက် အကြိမ် ၂၀ လုပ်ပေးပါ။

Extended Leg Raise on Chair

ထိုင်ခုံမှာထိုင်းပြီး ခြေထောက်နှစ်ချောင်းကို ဘယ်ညာတစ်လှည့်စီ ဆက်တိုက် ဘယ်ခြေထောက်မြှောက်လိုက်၊ ညာခြေထောက်မြှောက်လိုက် လုပ်ပေးရမှာဖြစ်ပါတယ်။ ခြေထောက်နှစ်ချောင်း ယှက်နေသလိုပါပဲ။ ဒီလေ့ကျင့်ခန်းကိုတော့ အကြိမ် ၂၀၊ အကြိမ် ၃၀ လောက် လုပ်ပေးရင် ရပါပြီ။