Korea look ကြိုက်တဲ့သူတွေအတွက် ကိုယ်သွားမယ့်နေရာနဲ့ လိုက်ဖက်မှုရှိစေမယ့် eyeliner ဆွဲနည်း ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ရိုးရှင်းတဲ့ပုံစံလေးတွေဖြစ်လို့ မိန်းကလေးတိုင်း သဘောကျမှာ သေချာပါတယ်။

Daily Look

Daily look အတွက်ဆိုရင် ဒီ eyeliner look လေးက အရမ်းအဆင်ပြေပါတယ်။ ထိပ်ဘက်ကိုအတွင်းနားလောက်ကနေ ကပ်ဆွဲပြီး အနောက်မှာ wing ကို ပုံမှာ အဖြူလိုင်းနဲ့ပြထားသလိုလေး တြိဂံပုံစံ ဆွဲပေးပါ။ Daily look အတွက်တော့ ဒီလိုမျိုးလေးက simple ဖြစ်ပြီးလှပါတယ်။

Close Friends

အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ တွေ့ဖို့သွားမယ်ဆိုရင်တော့ wing ကို အပေါ်နည်းနည်းကော့သွားတဲ့ပုံစံလေး ဆွဲကြည့်ပါ။ ဒီလို eyeliner look လေးက cute ဖြစ်တဲ့ပုံစံလေး ရစေပါတယ်။

Party Look

Party သွားဖို့ရှိတယ်ဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း big cat-eye wing လေးဆွဲကြည့်ပါ။ အရမ်းကြီး heavy ဖြစ်အောင် ပြင်ဆင်ထားတာမျိုးမဟုတ်ပဲ ဒီ look လေးက ဆွဲဆောင်မှုရှိပြီး လှနေစေပါတယ်။

Meeting Elders

ကိုယ့်ထက်ကြီးတဲ့သူတွေ၊ အထက်လူကြီးတွေနဲ့ meeting ရှိတဲ့အခါမျိုးမှာဆိုရင် innocent & gentle look လေးရအောင် eyeliner ဆွဲရင် wing ကို အောက်ကိုလျှောပြီးဆင်းသွားတဲ့ပုံစံလေး ဆွဲကြည့်ပါ။ ပိုပြီးလိုက်ပါတယ်။

Date Look

ကောင်လေးနဲ့ date လုပ်မယ်ဆိုရင်တော့ လှပတဲ့ပုံစံ၊ innocent ဖြစ်တဲ့ပုံစံလေး ဖြစ်နေအောင် eyeliner ကို ပါးပါးလေးဆွဲပြီး wing ကိုတော့ ပုံမှာပြထားတဲ့အတိုင်းလေးသာ ဆွဲပြီးသွားတွေ့ပါ။ မျက်ကပ်မှန်လေးတပ်လိုက်ရင်လည်း လှနေမှာ သေချာပါတယ်။