မင်္ဂလာပါနော်။ သာမာန်လူတွေအတွက်တက်တူးထိုးတာက မထူးဆန်းပေမယ့် လူတွေရဲ့ အာရုံစိုက်မှုကြား အလုပ်လုပ်နေကြတဲ့ သရုပ်ဆောင်တွေကတော့ တော်ရုံတက်တူးထိုးလေ့မရှိသလို သူတို့ခန္ဓာကိုယ်ပေါ်က တက်တူးတွေကိုလည်း ထုတ်ပြဖို့ ခက်ကြပါတယ်။ K Drama တော်တော်များများမှာလည်း တက်တူးရှိတဲ့ မင်းသမီးကာရိုက်တာရှားတာမို့ တက်တူးထိုးထားသူက မရှိသလောက်ပါပဲ။ ဒါပေမယ့် အခုပြောပြပေးမယ့် နာမည်ကြီး ဇာတ်လမ်းတွဲမင်းသမီးတွေကတော့ သူတို့ရဲ့ဇာတ်လမ်းထဲက ဇာတ်ရုပ်တွေနဲ့ကွဲထွက်ပြီး အပြင်လောကမှာ အမိုက်စား တက်တူးတွေကို ပိုင်ဆိုင်ထားကြသူတွေပါ။ ဒီတော့ ကိုယ်သိပြီးသား မင်းသမီးတွေပါမလား စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်-

Gong Hyo Jin

ဇာတ်လမ်းတွဲများစွာနဲ့ အောင်မြင်နေတဲ့ မင်းသမီး Gong Hyo Jin ဟာဆိုရင် လက်ချောင်းနဲ့ လက်မောင်းပေါ်မှာ တက်တူးတွေ ထိုးထားသူဖြစ်ပါတယ်။ သူမရဲ့ လက်မောင်းတက်တူးက ပုံမှန်ထက်ကြီးတာမို့ ဒီလိုတက်တူးမျိုးကို Cele တော်တော်များများက ဖုံးတတ်ကြပေမယ့် Hyo Jin ကတော့ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံတွေအထိ မဖုံးဘဲရိုက်ကူးခဲ့ပြီး အရှိအတိုင်းပြဖို့ ဝန်မလေးသူပါ။


Han Ye Seul

“Bird Of A Beauty” လို့ခေါ်တဲ့ဇာတ်လမ်းတွဲနဲ့ လူသိများခဲ့တဲ့ မင်းသမီး Han Ye Seul ဟာဆိုရင်လည်း သူမရဲ့အထာကျကျမျက်နှာပေါက်နဲ့လိုက်အောင် ခပ်မိုက်မိုက် တက်တူး ၁၂ခု ပိုင်ဆိုင်ထားသူပါ။ တက်တူးထိုးရတာကြိုက်သူပီပီ Social Media ပေါ်မှာ သူမ ထိုးထားတဲ့တက်တူးပုံလေးတွေ ပရိတ်သတ်တွေကို ချပြတတ်ပါတယ်။ ခံယူချက်နဲ့ အကြိုက်ဆုံးစာစုတွေကို အထိုးများပြီး တက်တူးတိုင်းကို အဓိပ္ပာယ်ရှိရှိ ထိုးတတ်တဲ့သူပါ။


Bae Suzy


K Drama မင်းသမီးအနေနဲ့ရော အဆိုတော်တစ်ဦးအနေနဲ့ပါ နာမည်ကြီးလူကြိုက်များတဲ့ Bae Suzy မှာလည်း ချစ်စရာကောင်းတဲ့ တက်တူးအသေးလေးနှစ်ခုထိုးထားတာကို ပရိတ်သတ်တွေက တွေ့ခဲ့ကြပါတယ်။ လက်ချောင်းပေါ်မှာ အသည်းပုံသေးသေးလေးတစ်ခုရှိပြီး မကြာသေးခင်ကမှ ဓာတ်ပုံထဲမှာပါလာတဲ့ ဂုတ်ပေါ်က အသည်းနဲ့မြှားစိုက်ထားသလို တက်တူးလေးကလည်း သူမနဲ့ တကယ်ကိုလိုက်ဖက်နေတာပါ။

Jung Ryeo Won


မင်းသမီး Jung Ryeo Won ဟာဆိုရင်လည်း အဓိပ္ပာယ်ရှိရှိနဲ့ အမှတ်တရဖြစ်တဲ့ တက်တူးလေးတွေ ထိုးထားရတာကို ကြိုက်နှစ်သက်ပါတယ်။ သူမဟာ စိတ်ခွန်အားဖြစ်စေမယ့် စကားစုလေးတွေထိုးလေ့ရှိပြီး သူမတက်တူးတွေရဲ့ အဓိပ္ပာယ်ကိုပါ ပရိတ်သတ်တွေသိအောင် Sharing လုပ်ရတာ ကြိုက်တဲ့သူပါ။


Han So Hee


တက်တူးနဲ့ပတ်သက်ရင် မင်းသမီး Han So Hee ကို မေ့ထားလို့မရပါဘူး။ လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တဲ့သူမဟာ သရုပ်ဆောင်မဖြစ်ခင်တည်းက တက်တူးများစွာထိုးခဲ့ပြီး မင်းသမီးအဖြစ်ပွဲဦးထွက်စဉ်မှာတော့ တက်တူးတွေကို ပြန်ဖျက်ခဲ့ရပါတယ်။ ဒါပေမယ့် So Hee ရဲ့တက်တူးထိုးခဲ့ချိန်က ပုံရိပ်တွေက လူသိများတာမို့ တက်တူးနဲ့လိုက်ဖက်တဲ့ မင်းသမီးအဖြစ် ပရိသတ်တွေ သတ်မှတ်ထားခံရသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar