အားလုံးပဲမင်္ဂလာပါနော်။ Gym တွေသွားလို့ အဆင်မပြေတဲ့သူတွေ၊ အိမ်မှာပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။ တစ်နေ့ကို ၁၅ မိနစ်လောက်ပဲ အချိန်ပေးကြည့်ပြီး လုပ်ပေးကြည့်ဖို့ တိုက်တွန်းပါတယ်နော်။

၁။ Plank ထောက်မယ်

အခုပုံမှာပြထားသလိုမျိုး Plank ထောက်ပေးရမှာပါ။ ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်းလေးဖြစ်အောင်အောင်ထားပြီး ပထမဆုံးနေ့မှာ ၃၀ စက္ကန့်လောက် ထောက်ပေးပါ။

နောက်ပိုင်း ၅ စက္ကန့်စီ တိုးပေးသွားပါ။ ၂ မိနစ်ထက်တော့ ပိုလုပ်စရာမလိုပါဘူး။

၂။ Bird-Dog

အခုပုံမှာပြထားသလိုမျိုး နေပေးရမှာပါ။ ပြီးရင် ၃ အထိရေတွက်ပေးပြီး နောက်ထပ်တစ်ဖက်ကို ပြောင်းပေးပါ။ အကြိမ် ၂၀ လုပ်ပါ။

၃။ ဒိုက်ထိုးမယ်

ဒိုက်ထိုးပေးတာဟာ သင့်ရဲ့ လက်မောင်းကကြွက်သားတွေကို သန်မာစေတဲ့အပြင် ခန္ဓာကိုယ်က အဆီတွေကိုပါကျစေပါတယ်။ တစ်ခါလုပ်ရင် ၁၀ ကြိမ်လုပ်ပါ။ နောက်ပိုင်းထပ်တိုးသွားပေးမယ်။

၄။ Squat ထိုင်မယ်

အခုပုံမှာပြထားသလိုမျိုး Squat ထိုင်ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုထိုင်တဲ့အခါ ခါးကိုမတ်မတ်ထားပြီး တင်ကိုကော့ထားပေးပါ။ ၁၀ ကြိမ်လုပ်ပါ။ ပြီးရင်ထပ်တိုးသွားပါ။ အကြိမ် ၅၀ အထိထိုင်နိုင်ပါတယ်။

၅။ တင်မြောက်လေ့ကျင့်ခန်း

အရင်ဆုံး ပက်လက်လှဲ ဒူးထောင်ထားပြီး တင်ကို အပေါ်ကြွပေးရမှာဖြစ်ပါတယ်။ ပြီးရင် ၅ စက္ကန့်လောက်နေပါ။ အဲဒီနောက် နဂိုအတိုင်းပြန်နေပါ။ ၅ ကြိမ်လုပ်ပါ။ နောက်ပိုင်းတိုးတိုးသွားပါ။ အကြိမ် ၅၀ အထိလုပ်နိုင်ပါတယ်။

Bonus ကြိုးခုန်မယ်

လေ့ကျင့်ခန်းမလုပ်ခင် ၅ မိနစ် ၁၀ မိနစ်လောက် ကြိုးခုန်ပေးလိုက်ပါ။

Source: www.brightside.me