ခါးနာတတ်တဲ့သူတွေအတွက် ခုံကိုသုံးပြီးလုပ်ရတဲ့ လေ့ကျင့်ခန်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ခန်း ၅ မျိုးလုံးက လုပ်ရတာလည်း လွယ်ကူတဲ့အပြင် ခါးနာတာ၊ ဇာတ်ကြောနာတာလည်း သက်သာစေပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံမှာ ခါးမတ်မတ်ထိုင်ပါ။ ခြေထောက်တစ်ဖက်ကိုကွေးပြီး နောက်ခြေထောက်တစ်ဖက်ရဲ့ ဒူးပေါ်တင်ထားပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပြီး အသက်ကို ၅ ကြိမ် ခပ်ပြင်းပြင်းလေးရှိုက်ရှူပါ။ ပြီးရင်တော့ ဒုတိယပုံထဲကလို ပြောင်းထိုင်ပြီး ခါးကိုရှေ့ကုန်းပါ။ အဲ့အတိုင်းလည်း စက္ကန့် ၃၀ နေပြီး အသက်ကို ကြိမ် ခပ်ပြင်းပြင်းလေးရှိုက်ရှူပါ။ လုပ်ရမယ့် အကြိမ်အရေအတွက်ကတော့ ၅ ကြိမ်ပါ။

ထိုင်ခုံပေါ်မှာထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်တစ်ဖက်က ခုံကိုကိုင်၊ နောက်လက်တစ်ဖက်ကဆန့်ပြီး ဘေးတစ်ဖက်ကိုကိုင်းပေးပါ။ ဒီ Position က အရှေ့ကကြည့်မယ်ဆိုရင် ပုံ ၁ ထဲကလိုဖြစ်နေပါမယ်။ နောက်ကကြည့်ရင်တော့ ပုံ ၂ ထဲကလို ဖြစ်နေပါမယ်။ အဲ့အတိုင်း ဘယ် ၁၀ ကြိမ်၊ ညာ ၁၀ ကြိမ် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံဘေးဘက်ကိုလှည့်ထိုင်ပြီး ခါးအပေါ်ပိုင်းနဲ့ မျက်နှာကို ထိုင်ခုံနောက်မှီဘက် လှည့်ထားပါ။ လက်နှစ်ဖက်လုံးကိုလည်း နောက်မှီပေါ်ကို တင်ထားပေးပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပြီး အသက်ကို ၅ ကြိမ် ခပ်ပြင်းပြင်းရှိုက်ရှူပါ။ ပြီးရင် ခန္ဓာကိုယ်နဲ့ မျက်နှာကို ရှေ့ပြန်လှည့်ပါ။ ပြီးရင်ပြန်လုပ်ပါ။ အဲ့အတိုင်း ဘယ်လှည့်တာ ၃ ကြိမ်၊ ညာလှည့်တာ ၃ ကြိမ် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ထိုင်ခုံအစပ်လေးမှာ မတ်မတ်ထိုင်ပါ။ ပြီးရင် ခေါင်းနဲ့ဂုတ်ကို အရှေ့ကုန်းလိုက်ပါ။ ပြီးရင် ပထမပုံထဲကလို ပြန်နေပါ။ အဲ့အတိုင်း ၈ ကြိမ်ပြည့်အောင် လုပ်ရပါမယ်။

အရင်ဆုံး ထိုင်ခုံမှာထိုင်ပြီး ပထမပုံထဲကလိုအနေအထားနဲ့ နေပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို ဘေးကားလိုက်ပါ။ ပြီးရင် တတိယပုံထဲကလို လက်ကိုခေါင်းနောက်မှာတင်ပြီး ခေါင်းနဲ့ဂုတ်ကို ရှေ့ကုန်းပေးပါ။ ပြီးရင်တော့ ပထမအနေအထားနဲ့ ပြန်နေပါ။ အဲ့အတိုင်း ၃ ခုလုံးလုပ်ပြီးမှ ၁ ကြိမ်လို့ယူဆရပါမယ်။ လုပ်ရမယ့်အကြိမ်အရေအတွက်ကတော့ ၅ ကြိမ်ပါ။

Source: www.brightside.me