အားလုံးပဲမင်္ဂလာပါနော်။ ဒီကနေ့ခေတ် လုပ်ငန်းခွင်မှာအောင်မြင်ဖို့ အမြဲတမ်း ထက်မြက်နေဖို့လိုပါတယ်။

တခြားသူတွေထက် ပိုပြီးသာလွန်ဖို့ ပိုပြီးအရည်အချင်းရှိ ပိုပြီးယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။

ပိုပြီးသာလွန်တဲ့ Smart ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက် (၅) ချက်လိုအပ်သလဲဆိုတာ မျှဝေပေးသွားပါမယ်နော်။

သင်ယူခဲ့တဲ့အရာတွေကို မှတ်ထားပါ

နေ့ရက်တိုင်းဟာ သင်ခန်းစာပါပဲ။ နေ့ရက်တိုင်းမှာ ကိုယ်မသိသေးတဲ့ အသစ်အသစ်တွေကို သင်ယူနေရတာပါ။ ဒါ့ကြောင့် သင်မသိသေးတဲ့ အသစ်အသစ်တွေသိလာရင် မှတ်ထားတဲ့အမူအကျင့်လေး ပြုလုပ်ထားသင့်ပါတယ်။

ဗီဒီယိုဂိမ်းကစားပါ

သင့်ဦးနှောက်ကို အလုပ်ပေးဖို့ ဦးနှောက်က အမြဲတမ်းတွေးနေစေဖို့ ဂိမ်းကလည်း အရေးပါလှပါတယ်။ ဂိမ်းကို တစ်နေ့ နာရီဝက် တစ်နာရီလောက်ဆော့ပေးပါ။ ဒါဆိုရင် သင့်ရဲ့ အာရုံစူးစိုက်နိုင်မှု၊ ဖြတ်ထိုးဉာဏ်တွေကောင်းလာမှာဖြစ်ပါတယ်။

Smart ဖြစ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါ

သင့်လုပ်ငန်းခွင်က Smart ဖြစ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ပါ။ အပြင်ထွက်ပါ။ သူတို့ရဲ့ အတွေးအခေါ်တွေကို လေ့လာမှတ်ယူပါ။ ဒါဟာလည်း သင့်ကိုပိုပြီး Smart ဖြစ်စေမယ့် အချက်ထဲမှာပါဝင်ပါတယ်။

စာဖတ်ပါ

အမြဲတမ်း စာဖတ်နေဖို့လိုပါတယ်။ လူတိုင်းအားကျရတဲ့ သူဌေးကြီး Bill Gates ကလည်း သူ့ဘဝမှာ အောင်မြင်ဖို့အတွက် စာကို အမြဲဖတ်ခဲ့တယ်။ စာပေဟာ သူ့ဘဝအတွက် သိပ်ကိုအရေးပါခဲ့တယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်နေသူတိုင်း စာများများဖတ်ကြပါတယ်။

အသစ်အသစ်တွေကို လေ့လာစူးစမ်းလိုစိတ်ရှိပါ

စွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ် ရှိသင့်ပါတယ်။ အသစ်အသစ်တွေကို လေ့လာသင်ယူလိုစိတ်ရှိပြီး အသစ်အသစ်တွေကို သင်ယူပါ။ လူသစ်တွေနဲ့တွေ့ပါ။ မိမိကိုယ်ကို မိတ်ဆက်ပါ။

Source: www.blushbabe.com

BY: MyStyle Myanmar