Idols တွေဟာ တစ်မူထူးခြားတဲ့ဖျော်ဖြေမှုတွေ တင်ဆက်နိုင်ဖို့အတွက် သူတို့ရဲ့ မျက်နှာအမူအရာတွေကို သီချင်းနဲ့အတူစီးမျောကာ ပြောင်းလဲနိုင်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖျော်ဖြေမှုတိုင်းကို ကိုယ့်ရဲ့ နဂိုပုံစံနဲ့ ကွဲထွက်ပြီး အမူအယာမျိုးစုံ ပြောင်းလဲနိုင်တဲ့ Kpop Idols တွေအကြောင်းကို ပြောပြပေးပါရစေ။

၁။ NCT’s Taeyong

Taeyong ကတော့ NCT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး SuperM အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူက သူ့ပရိသတ်တွေကြားမှာ စကားပြောနူးညံ့ပြီး အရှက်အကြောက်ကြီးတဲ့ Introvert တစ်ယောက်လို ဖြစ်နေတတ်ပေမယ့် စင်ပေါ်ရောက်တဲ့အခါမှာတော့ အမြဲထင်ပေါ်နေတတ်တဲ့အတွက် တစ်ခြားလူတစ်ယောက်လို့တောင် ထင်ရစေပါတယ်။

၂။ SHINee’s Taemin

SHINee အဖွဲ့ရဲ့ အငယ်ဆုံးဖြစ်တဲ့ Taemin ဟာ ပရိသတ်တွေနဲ့ အဖွဲ့ဝင်တွေကြားမှာ သွက်သွက်လက်လက် ပျော်ပျော်နေတတ်တဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ ချစ်ဖို့ကောင်းတဲ့ အမူအယာတွေနဲ့ ပြည့်နေတတ်ပေမယ့် စင်ပေါ်ရောက်တဲ့အခါမှာတော့ ပြင်းထန်တဲ့ အကပုံစံနဲ့ အမိုက်စားဖျော်ဖြေမှုတွေကို ဖန်တီးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ပြောင်းလဲနိုင်မှုတွေက ပရိသတ်တွေကိုအချိန်တိုင်း မှင်သက်သွားစေပါတယ်။

၃။ SEVENTEEN’s Jun

Seventeen အဖွဲ့ရဲ့ Jun ကတော့ သူ့ရဲ့အဖွဲ့ဝင်တွေ၊ ပရိသတ်တွေနဲ့ဆို စကားပြောကောင်းတဲ့သူဖြစ်ပေမယ့် ကျန်တဲ့အချိန်တွေမှာ အနေအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Jun ရဲ့ ဖျော်ဖြေမှုကိုကြည့်ဖူးတဲ့ပရိသတ်တိုင်း ဟာ သူ့ရဲ့စင်ပေါ်မှာ မတူညီတဲ့ပုံစံတွေနဲ့ အကောင်းဆုံးဖျော်ဖြေနိုင်တဲ့ စွမ်းရည်ကို အမြဲသတိထားမိတတ်ကြပါတယ်။

၄။ TWICE’s Sana

Talent မျိုးစုံရှိတဲ့ Twice အဖွဲ့ရဲ့ Sana ကတော့ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်ဖို့ကောင်းတဲ့ Idol တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ စင်ပေါ်ရောက်တဲ့အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိရှိဖျော်ဖြေနိုင်တဲ့အပြင် အမူအယာမျိုးစုံကိုလည်း ထွေထွေထူးထူးအားထုတ်စရာမလိုဘဲ ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်ပါတယ်။

၅။ (G)I-DLE’s Soyeon

Soyeon က ပင်ကိုယ်အနေအေးပေမယ့် သူမရဲ့ ပရိတ်သတ်တွေက သူမပွဲဦးထွက်ခါစကထက် တော်တော်လေးပြောင်းလဲလာတဲ့ပုံစံကို သတိထားမိကြပါတယ်။ သူမဟာ အမိုက်စား သီချင်းစာသားတွေနဲ့ဖျော်ဖြေနိုင်တဲ့ Rapper တစ်ဦးဖြစ်ပြီး စင်ပေါ်ရောက်တိုင်းတွေ့ရတတ်တဲ့ သူမရဲ့ အထင်ကြီးစရာကောင်းတဲ့ Rap စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့အာရုံစိုက်ခြင်းခံရတဲ့ Idol တစ်ဦးလည်းဖြစ်ပါတယ်။

Source: Allkpop

By MyStyle Myanmar