Kpop အဖွဲ့တွေ ကွဲတာက များသောအားဖြင့် စာချုပ်သက်တမ်း ပြည့်သွားတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ Idol အဖွဲ့တွေကတော့ မထင်ရတဲ့ အကြောင်းအရင်းတွေကြောင့် ကွဲခဲ့ကြတာပါ။ ဒီထဲ သင်သိတဲ့ အဖွဲ့များ ပါနေမလား ကြည့်လိုက်ရအောင်နော်-

၁။ Triple H

Triple H အဖွဲ့မှာတော့ HyunA နဲ့ PENTAGON အဖွဲ့ဝင် Hui နဲ့ အဖွဲ့ဝင်ဟောင်း Dawn တို့ ပါဝင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဖွဲ့အနေနဲ့ အလုပ် လုပ်ကိုင်တုန်းမှာပဲ HyunA နဲ့ Dawn က တွဲနေကြပြီဆိုပြီး သတင်းထွက်ခဲ့ပါတယ်။

ဒါကို Cube Entertainment က ငြင်းခဲ့ပေမယ့် HyunA နဲ့ Dawn ကတော့ မှန်ကန်ကြောင်း ပြန်ငြင်းခဲ့ကြပါတယ်။ Cube Entertainment က သူတို့နှစ်ဦးအပေါ် “ယုံကြည်မှုမရှိတော့ဘူး” ဆိုတဲ့ အကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဒီမှာ Triple H ကွဲသွားခဲ့ပြီး Hui တစ်ယောက်ပဲ Cube မှာ ဆက်ကျန်ခဲ့ပါတယ်။

၂။ Glam

Glam အဖွဲ့က 2012 Big Hit Entertainment အောက်မှာ ပွဲဦးစထွက်ခဲ့တဲ့ မိန်းကလေး ငါးယောက်အဖွဲ့ပါ။

Debut ပြီး မကြာခင်မှာပဲ အဖွဲ့ဝင် Trinity က Personal Reason တွေကြောင့် အဖွဲ့ထဲက နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ Trinity ဟာ Super Junior အဖွဲ့ဝင် Leeteuk ရဲ့ sasaeng fan တစ်ဦး ဖြစ်နေတာကြောင့်လို့ အများစုက ယုံကြည်ထားကြပါတယ်။

တဖန် 2014 မှာတော့ အဖွဲ့ဝင် Dahee ဟာ မင်းသား Lee Byung Hun ကို ခြိမ်းခြောက် ငွေညှစ်တဲ့ အပြစ်ထင်ရှားတာကြောင့် ထောင်ကျခဲ့ပါတယ်။

ဒီလိုနဲ့ Glam အဖွဲ့ ကွဲသွားပါတယ်။

၃။ Yellow Bee

Yellow Bee အဖွဲ့က Disband သတင်းကြေညာပြီး မကြာခင်မှာပဲ Agency ဖြစ်တဲ့ Addition Entertainment က အဖွဲ့ဝင်တစ်ယောက်ရဲ့ စရိုက်ဆန်တဲ့ နေထိုင်မှုကြောင့် အဖွဲ့ကွဲသွားတာလို့ Statement ထုတ်ခဲ့ပါတယ်။

ဒါထုတ်ပြီးမကြာခင်မှာပဲ အဖွဲ့ဝင် Ari က သူမရဲ့ Instagram ပေါ်မှာ အဖွဲ့ကွဲခဲ့တဲ့ အကြောင်းအရာကို ရေးခဲ့ပါတယ်။

Agency က အလုပ်သမားအချို့က အဖွဲ့ဝင်တွေ အပေါ် Sexual Harassment လုပ်ခဲ့ဖူးပြီး အဖွဲ့ဝင်တွေဟာ Group Activities တွေကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် လုပ်ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

၄။ K’Pop

အမျိုးသား အဖွဲ့ဖြစ်တဲ့ “K’Pop” အဖွဲ့ဟာ အဖွဲ့ဝင်အချင်းချင်း တွဲနေကြတာကြောင့် ကွဲသွားခဲ့တာပါ။ အဖွဲ့ဝင် နှစ်ဦးဟာ ချစ်ကြိုက်ခဲ့ကြပေမယ့် တစ်ဦးက တခြားအဖွဲ့က အမျိုးသား Idol နဲ့ ဖောက်ပြန်ခဲ့တာကြောင့် သစ္စာဖောက်ခံရတဲ့ အမျိုးသား က ပြဿနာရှာခဲ့တာကြောင့် အဖွဲ့ကွဲသွားခဲ့ပါတယ်။

၅။ Swi.T

Swi.T အဖွဲ့ကတော့ YG Entertainment အောက် 2002 ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပါတယ်။

ဒါပေမဲ့ အဖွဲ့က YG တည်ထောင်သူ Yang Hyun Suk ကြောင့် အပျက်ဘက် ရောက်ခဲ့ပါတယ်။

Yang Hyun Suk က Swi.T အဖွဲ့ဝင် Lee Eun Ju အပေါ်ခံစားချက်တွေ ရှိနေခဲ့ပြီး ဒါကြောင့်ပဲ အဖွဲ့ကို ထောက်ပံ့မှု သိပ်မလုပ်ခဲ့ပါဘူး။ သူရဲ့ Lee Eun Ju လူကြိုက်များလွန်းသွားမှာကို ကြောက်နေခဲ့တာကြောင့် အဖွဲ့ကို မပေါက်စေချင်ကြောင်း ဝန်ခံခဲ့ပါတယ်။

Swi.T အဖွဲ့ဟာ 2004 မှာ ကွဲသွားခဲ့ပြီးနောက် Yang Hyun Suk နဲ့ Lee Eun Ju တို့ နှစ်ဦးဟာ တွဲခဲ့ပြီး လက်ထပ်သွားခဲ့ကြပါတယ်။

Source: Koreaboo

By MyStyle Myanmar