ကမ္ဘာမှာ BL က ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာ စဉ်းစားဖူးလား ? အခုဆို အာရှတစ်ဝိုက်မှာ နိုင်ငံအသီးသီးက ယောက်ျားလေးတွေကြားက အချစ်ဇာတ်လမ်းတွဲကို ရိုက်လာကြပါပြီ။ ဒီထဲကမှ ထပ်ထူးခြားချက်တစ်ခုကတော့ J-BL တွေဟာ သင်စိတ်ကူးကြည့်လို့ရတဲ့ စိတ်ဝင်စားစရာအကောင်းဆုံး ၊ အပျော်ဆုံးနည်းလမ်းတွေနဲ့ မကြာခဏဆိုသလို ထူးထူးခြားခြား ထူးထူးဆန်းဆန်းတွေ ဖြစ်နေတတ်ပါတယ်။

ဟုတ်မဟုတ်ဆိုတာသိရဖို့အတွက်ဆို အခုပြောပြမယ့် ဂျပန် BL ကားတွေကို ကြည့်ကြည့်ပါ။ သင့်ကို လုံးဝအံ့အားသင့်စေမယ်ဆိုတာ အာမခံပါတယ်။

“Mr. Unlucky Has No Choice But To Kiss!”

Fukuhara က သူသွားလေရာ နေရာတိုင်းမှာ ပြဿနာဖြစ်တတ်တဲ့ ကံဆိုးတဲ့ ကျောင်းသားတယောက်ပါ။ တစ်နေ့မှာတော့ ကံကောင်းထောက်မစွာနဲ့ Shinomiya နဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ ?

“Kabe-Koji-Nekoyashiki-Kun Desires to be Recognized”

Mamoru က BL doujin အနုပညာရှင်တစ်ဦးဖြစ်ပြီး Kazama Issei က တော့ နာမည်ကြီး J-pop အဖွဲ့ Shiny Smile ရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူတို့နှစ်ယောက် အမှတ်မထင် ပြန်လည်ဆုံစည်းခဲ့တဲ့အခါ Mamoru အတွက် ဘာတွေဖြစ်သွားမလဲ ? ဒါမှမဟုတ် သူတို့ရဲ့ မတူညီတဲ့ ဆန့်ကျင်ဘက် ဘဝနေထိုင်မှုပုံစံတွေက သူတို့ကြားမှာ ရှိလာမှာလား ?

“A Man Who Defies the World of BL”

BL ကမ္ဘာထဲကို‌ရောက်နေတဲ့ Mob တစ်ယောက် ယောက်ျားလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိဖို့ ရှောင်လွှဲလို့မရနိုင်တဲ့ ဒီကမ္ဘာမှာ သူ့ကိုယ်သူနဲ့ သူ့ညီငယ်ကို BL ရဲ့ အချစ်ဇာတ်လမ်းတွေမှာ အရှုံးမပေးမိအောင် ကယ်တင်ဖို့ ကြိုးစားရင်း အောင်မြင်သွားမလား ?

“Cherry Magic! Thirty Years of Virginity Can Make You a Wizard?!”

Adachi ဆိုတာက အသက် 30 ရှိပြီး ငယ်ငယ်ကတည်းက မှော်ပညာပိုင်ဆိုင်ထားတဲ့ ရုံးဝန်ထမ်းတစ်ယောက်ပါ။ အလုပ်လည်းတူပြီး Adachi ရဲ့ ချစ်သူဖြစ်တဲ့ Kurosawa ကတော့ အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။

တစ်နေ့ အလုပ်ပြောင်းဖို့ ကမ်းလှမ်းခံရတဲ့ Adachi တစ်ယောက် သူလိုချင်တဲ့အလုပ်ကို လုပ်ခွင့်ရလို့ ပျော်နေပေမယ့် သူ့အလုပ်အသစ်က ကီလိုမီတာ 1,200 အကွာ Nagasaki မှာ ရှိတာကြောင့် သူတို့နှစ်ယောက်ကြား အကွာအဝေးကြောင့် အဆင်ပြေနိုင်မလား ?

မှော်ပညာကကော သူတို့နှစ်ယောက်ကြား ဘယ်လိုအထောက်အကူပြုမလဲဆိုတာ သိရဖို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။

“Eternal Yesterday”

စကားအများကြီး မပြောတတ်ဘဲ လူမှုဆက်ဆံရေးညံ့တဲ့ Oumi Mitsuru က ဥာဏ်ကောင်းတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး Yamada Koichi တော့ သူနဲ့လုံးဝကို ဆန့်ကျင်ဘက် အားကစားလိုက်စားပြီး လူမှုဆက်ဆံရေးကောင်းတဲ့ ကျောင်းသားပါ။ အကျင့်စရိုက် လုံးဝကွာခြားလွန်းပေမယ့်သူတို့နှစ်ယောက် ကျောင်းမှာ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံမိတဲ့အခါ သူတို့ကြားမှာ ဘာတွေဖြစ်လာမလဲ ?