အပြင်ထွက်ခါနီးတိုင်း ဘာဝတ်ရမှန်းမသိဘူး ဖြစ်နေတဲ့ မိန်းကလေးတိုင်း ရဲ့ အဝတ်ဗီဒိုထဲမှာ လိုအပ်တဲ့ အရာတွေ ရှိပါတယ်။ မိန်းကလေးတိုင်းလိုလို ဘာဝတ်ရမှန်းမသိဘူးဆိုတဲ့ အခက်အခဲကို ကြုံဖူးကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ဘာဝတ်ရမှန်း မသိပါဘူးဆိုတဲ့ ကောင်မလေးတွေအတွက် မဖြစ်မနေ ဆောင်ထားသင့်တဲ့ အခြေခံ Fashion Item တွေကို ဖော်ပြပါရစေ။

၁။ ချောင်ချောင်ချိချိ ဖြစ်တဲ့ အဖြူရောင် တီရှပ်

အဖြူရောင် တီရှပ်တစ်ထည်ကိုတော့ မိန်းကလေးတိုင်းလိုလို လိုအပ်ပါတယ်။ အဖြူရောင် တီရှပ်က အောက်ပိုင်း ဘာဝတ်ဝတ် ပံ့ပိုးပေးမယ့် ဖက်ရှင်ကျတဲ့ အဝတ်အစားပါ။ ဒါ့အပြင် အမျိုးသားတွေက ရိုးရိုးရှင်းရှင်း တီရှပ်အဖြူလေး ဝတ်တတ်တဲ့ မိန်းကလေးတွေကို သဘောကျကြပါတယ်တဲ့။

၂။ Black Leather Jacket

Leather အစစ် ဟုတ်မဟုတ်က အရေးမကြီးဘဲ အနက်ရောင် Leather Jacket ကို ပျိုမေတို့ လိုအပ်တာပါ။ နာမည်ကျော်တွေဖြစ်တဲ့ Rihanna, Ariana Grande စတဲ့ အနုပညာရှင်တွေက Leather Jacket ကို အထာကျကျ ဝတ်တတ်ကြပါတယ်။

၃။ အနက်ရောင် Jean ဒါမှမဟုတ် အသားကပ်အနက်ရောင်

အနက်ရောင်ဘောင်းဘီနဲ့ အပေါ် အင်္ကျီကို အမျိုးမျိုး တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အနက်ရောင်က အဝတ်အစား အရောင်တိုင်းနဲ့ လိုက်ဖက်တာကိုတော့ သင်သိပြီး ဖြစ်မှာပါ။

၄။ နေကာမျက်မှန်

နေကာမျက်မှန်ကို လိုအပ်တဲ့ အချိန်တွေကတော့- အိပ်ရေးပျက်တဲ့ နေ့တွေ၊ မိတ်ကပ်မလိမ်းထားတဲ့ နေ့တွေမှာပါ။ သင်က ဘာမှ ထွေထွေထူးထူး မပြင်ဆင်ချင်ဘူးဆိုရင် နေကာမျက်မှန် တစ်လက်တည်းနဲ့ လုံလောက်ပါတယ်။

၅။ အနက်ရောင် Tennis Shoes

အနက်ရောင် Tennis Shoes ကို အဝတ်အစားမျိုးစုံနဲ့ တွဲဖက်နိုင်ပါတယ်။ All Black ဝတ်ဆင်နိုင်သလို အပေါ် အဝတ်အစား အရောင်မျိုးစုံနဲ့ Black Tennis Shoes ကို တွဲဝတ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar