လူတိုင်း စိတ်ဓာတ်ကျဖူးပါတယ်။ သင်က ခဏခဏ စိတ်ဓာတ်ကျတတ်တယ်ဆိုရင်လည်း ဒါသင့်အမှားမဟုတ်ပါဘူး။ စိတ်ဓာတ်ကျလာတဲ့အချိန် ပြန်နိုးထနိုင်ဖို့ ကြိုးစားသူတစ်ယောက်တော့ဖြစ်သင့်ပါတယ်။ ရှုံးသွားတိုင်း ပြန်ထဖို့ စိတ်ကူးမရှိရင်တော့ သင့်အမှားပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဓာတ်ကျတဲ့အချိန် ပြန်ပျော်ဖို့ ပြုလုပ်ပုံတွေကလည်း မတူညီကြပါဘူး။ သင်က စိတ်ဓာတ်ကျလာတဲ့အချိန် ပြန်နိုးထနိုင်ဖို့ ဒီနည်းလမ်းတွေကို ပြုလုပ်နိုင်ပါတယ်။

၁။ ခရီးသွားပါ

စိတ်ဓာတ်ကျတာကို ကုစားဖို့ အကောင်းဆုံး နံပါတ် တစ် နည်းလမ်းကတော့ ခရီးသွားတာပါ။ ကိုယ့်ဒုုက္ခတွေနဲ့ ဝေးရာ၊ မပတ်သက်ချင်သူတွေနဲ့ ဝေးရာကို ခဏတဖြုတ် သွားလိုက်တာက သင့်စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ သဘာဝတရားရှိရာ သစ်ပင်တောအုပ်၊ တောင်တန်းတွေ ဆီခရီးသွားပြီး စိတ်ဓာတ်ကျတာကို ဖြေဖျောက်လို့ရပါတယ်။

၂။ ကိုယ့်ဘဝ နေထိုင်မှုပုံစံကို ပြောင်းလဲပါ

ကိုယ့်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံကို ပြောင်းလဲတာကလည်း သင့်အတွက် အကျိုးရှိစေပါတယ်။ သင်က အဆီများတဲ့အစားအစာတွေကို စားနေကျဆိုရင် ဒီတစ်ခေါက်မှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပြောင်းစားကြည့်ပါ။ သင်က ညဘက်နောက်ကျမှ အိပ်တတ်သူဆိုရင် စောစောစီးစီး အိပ်ကြည့်ပါ။ ဒီလိုပြောင်းလဲမှုတွေကြောင့် သင်စိတ်ချမ်းသာလာမှာပါ။

၃။ အားကစားလုပ်ပါ

အားကစားလုပ်တာက နှလုံးကျန်းမာရေးအတွက် ကောင်းပြီး သွေးစီးဆင်းမှုအတွက်လည်း အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ Endorphin ပျော်ရွှင်မှုဟော်မုန်းကို ထုတ်ပေးပြီး စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးပါတယ်။ သင်က အားကစားလုပ်ဖို့ ခွန်အားရှိပြီး တကယ်လုပ်မယ်ဆိုရင်တော့ သင်နောင်တရတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။

၄။ ကခုန်ပါ


ကတာက အလင်းပျောက်နေတဲ့သင့်စိတ်ကို ပြန်လည်တောက်ပစေပါတယ်။ လေ့လာမှုများစွာမှာလည်း ကခုန်ခြင်းက ခံစားချက်တွေကို ပွင့်ထွက်သွားစေတယ်လို့ ဆိုထားပါတယ်။ အိမ်မှာ မကချင်ရင် အကသင်တန်းတွေကို သွားပြီး ပျော်ပျော်ပါးပါး ကခုန်လို့ရပါတယ်။

၅။ သင့်ကို ပျော်ရွှင်စေတဲ့အရာကို ရှာဖွေပါ

သင်ဘာလုပ်နေရတာ ပျော်လဲဆိုတာကို စာအုပ်တစ်အုပ်ထဲမှာ ချရေးသင့်ပါတယ်။ ဒီလိုချရေးပြီးနောက် ဒီအရာတွေကိုပဲ အာရုံစိုက်လုပ်ရင်း မကောင်းမြင်စိတ်တွေကို ဖယ်ရှားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar