တချို့သူတွေက ဆရာကြီးလုပ်တာ ညွှန်ကြားအမိန့်ပေးတာကို မကြိုက်ကြပါဘူး။ ကိုယ့်ကိုကိုယ် ပဲ အားကိုးပြီး အမှီအခိုကင်းကြပါတယ်။ သင်ကကော ဘယ်လိုလူမျိုးလဲ။ အမိန့်ပေးတာကို သဘောမကျတဲ့သူလား။ အမှီအခိုကင်းတဲ့သူလား။ ဒီရာသီခွင် (၅) ခုထဲမှာ သင်ပါမလား ကြည့်လိုက်ပါနော်။

၁။ Aries (March 21 – April 19)


Aries ရာသီဖွားတွေက သူတို့ကိုယ်ပိုင်အချိန်မှာ ကိုယ်ပိုင်စိတ်ကူးနဲ့ အလုပ်လုပ်တတ်ပါတယ်။ စိတ်ပေါက်ရင် ပေါက်သလို ထလုပ်တတ်ပါတယ်။ Aries ရာသီဖွားတွေကကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အဆင်ပြေတတ်ကြပါတယ်။

၂။ Taurus (April 20 – May 20)


Taurus ရာသီဖွားတွေက အမှီအခိုကင်းတဲ့အပြင် ခေါင်းမာ တတ်ပါသေးတယ်။ အခြားသူတွေ ညွှန်ကြားတာကို နားထောင်ဖို့ Taurus တွေအတွက် အချိန်မရှိပါဘူး။

၃။ Leo (July 23 – August 22)


Leo ရာသီဖွားတွေက အခြားသူတွေရဲ့ စကားကို နားမထောင်ဘဲ သူတို့ကိုယ်တိုင် ခေါင်းဆောင်တွေဖြစ်နေတတ်ပါတယ်။ အခြားသူတွေကို ကူညီတတ်ပြီး ကြင်နာတတ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်တတ်ကြပါတယ်။

၄။ Sagittarius (November 22 – December 21)


Sagittarius ရာသီဖွားတွေက ဘယ်အရာက သူတို့နဲ့ အသင့်တော်ဆုံးအရာလဲ ခွဲခြားသိမြင်တတ်ကြပါတယ်။ သူတို့စည်းမျဉ်းအကန့်အသတ်နဲ့ ကိုယ်စီရှိပါတယ်။

၅။ Aquarius (January 20 – February 18)


Aquarius ရာသီဖွားတွေက အမှီခိုအကင်းဆုံး ရာသီဖွားတွေဖြစ်ပါတယ်။ ကိုယ်ပိုင်အတွေးတွေ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ အလုပ်လုပ်တတ်ကြပါတယ်။

သင်က ဘယ်ရာသီဖွားလဲ Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar