Relationship တစ်ခုမှာ အရာရာအဆင်ပြေဖို့အတွက် စုံတွဲအများစု မေ့နေတတ်တဲ့အရာ ၄ ခုရှိပါတယ်။ ဒါတွေကိုမေ့ထားမိလို့ ခဏခဏရန်ဖြစ်စကားများကြတာ၊ ပြဿနာတက်ကြတာပါ။ ဒါကြောင့် အရာရာအဆင်ပြေပြီး ပျော်ရွှင်နိုင်ဖို့ ဒီအရာတွေကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။
တစ်ယောက်နေဖို့အချိန်ပေးပါ
လူတိုင်းမှာ တစ်ယောက်ထဲနေချင်းတဲ့အချိန်ဆိုတာ ရှိပါတယ်။ ဒါကို တစ်ယောက်ထဲနေတယ်၊ ကိုယ့်ကိုဂရုမစိုက်ဘူးဆိုပြီး ပြဿနာရှာလို့ မရပါဘူး။ အချိန်တိုင်းကို ကိုယ့်အတွက်ပဲဖြစ်ရမယ်ဆိုတာမျိုးက တစ်ကိုယ်ကောင်းဆန်ရာကျပါတယ်။ အချိန်တိုင်း ဂရုမစိုက်ဘူးဆိုပြီး စိတ်ဆိုးစိတ်ကောက်၊ ပြဿနာရှာနေရင် ကြာလာတဲ့အခါ ကိုယ့်ကို စိတ်ပျက်သွားပါလိမ့်မယ်။
အတိတ်တွေကိုထားခဲ့ပါ
အများစုက ပြဿနာတစ်ခုခုဖြစ်ပြီဆိုရင် လက်ရှိဖြစ်နေတာကိုမပြောပဲ အရင်ကဖြစ်ခဲ့တဲ့ကိစ္စ၊ အတိတ်ကဟာတွေကိုပါ ပြန်တူးဆွပြီးပြောကြတယ်၊ စကားနာထိုးကြပါတယ်။ ဒီလိုပြောတာတွေကြောင့်ပဲ ပြဿနာတွေပိုကြီးလာပြီး ရန်ဖြစ်စကားများရတာပါပဲ။ ဒါကြောင့် အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ပြန်အစမဖော်ပါနဲ့။
တစ်ယောက်နဲ့တစ်ယောက်မျှတွေးပေးပါ
Relationship တစ်ခုမှာ သစ္စာရှိဖို့၊ နားလည်မှုရှိဖို့အပြင် ကိုယ်ချင်းစာစိတ်ရှိဖို့လည်း လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျှတွေးပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်မကြိုက်တဲ့အရာဆို သူကောကြိုက်ပါ့မလားလို့တွေးပြီး ကိုယ်တိုင်ဆင်ခြင်ပေးရမှာပါ။ ကိုယ်ကတော့ သူများကို ချုပ်ချယ်ထားပြီး ကိုယ်တိုင်ကျ နေချင်သလိုနေလို့လည်း မရပါဘူး။
မာနတွေမထားပါနဲ့
တချို့ကျတော့ အရမ်းချစ်တယ် ဒါပေမယ့် မာနတွေနဲ့ မာနကိုမလျှော့ချင်ကြပါဘူး။ မာနကြောင့် ဝေးသွားကြတဲ့စုံတွဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ချစ်သူရည်းစားတွေက တစ်ယောက်နဲ့တစ်ယောက် မာနမထားသင့်ပါဘူး။ ပွင့်ပွင့်လင်းလင်းရှိပါ။ ရန်ဖြစ်စကားများထားလို့ သူစခေါ်မှ၊ ငါကတော့မခေါ်ဘူးဆိုတဲ့ စိတ်မျိုးလည်း မထားသင့်ပါဘူး။ မှားတာရှိရင်လည်း တောင်းပန်ဖို့ဝန်မလေးပါနဲ့။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးမှုရမှာပါ။