မိုးရွာတာနဲ့ နေပူတာက ကျွန်မတို့ နေရာအများစုမှာ ဖြစ်လေ့ရှိတဲ့ ရာသီဥတု နှစ်ခုပါ။ အထူးသဖြင့် နေအပူချိန်က များနေတတ်တာမို့ ပျိုမေတို့ နေရောင်ထိတွေ့မှုက အရင်ထက် ပိုများလာတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေရောင်ခြည်နဲ့ ထိတွေ့ရပေမယ့် ငယ်ရွယ်တဲ့ အသားအရေကိုပဲ ထိန်းသိမ်းထားနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ပြည့်အောင် အမြဲနေထိုင်ပါ

နေရောင်ထိပေမယ့် အသားအရေ မပျက်စီးစေဖို့ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ အသားအရေ စိုပြေမှုဆိုတာက ခန္ဓာကိုယ်အတွင်းထဲကနေ လာတာပါ။ အမြဲရေဓာတ်ပြည့်နေဖို့ရာ ရေဘူးတစ်ဘူးကို သင့်ဘေးမှာ အမြဲထားကာ ပုံမှန် သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် အသားအရေ ရေဓာတ်ပြည့်ဝနေဖို့ အစိုဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ Moisturizer ကိုလည်း သုံးဖို့လိုပါတယ်။ Sheet Mask ကိုလည်း ပုံမှန် သုံးပေးသင့်ပါတယ်။

၂။ Sunscreen

သင်က အိမ်ပြင်မထွက်ရင်တောင် Sunscreen ကို လိမ်းထားဖို့ လိုပါတယ်။ Sunscreen အပြင် Spf ပါတဲ့ Foundation မိတ်ကပ်တွေ၊ Two Way Powder တွေကိုပါ ထပ်သုံးပေးသင့်ပါတယ်။

၃။ နေကာမျက်မှန်

နေကာမျက်မှန်ကို လူကြားထဲ တပ်ဖို့ မရှက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုကာကွယ်တာက သင်ထင်ထားတာထက် ပိုအရေးပါနေလို့ပါ။ ပျိုမေတို့ အသက်ကြီးလာရင် မျက်လုံးဘေးထောင့်မှာ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို နေကာမျက်မှန်က ကာကွယ်ပေးမှာပါ။ နူးညံ့တဲ့ မျက်လုံးအောက် အသားအရေကို နေကာမျက်မှန်က အပြင်ဒိုင်းအနေနဲ့ ကာကွယ်ပေးမှာပါ။

၄။ Exfoliate လုပ်ပါ

အသားအရေကို နက်ရှိုင်းစွာ သန့်ရှင်းခြင်း မရှိရင် ဆဲလ်သေတွေနဲ့ ပိတ်နေနိုင်တာမို့ သင့်မျက်နှာပေါ် ထပ်တပ်တဲ့ Skincare ပစ္စည်းတွေက ထိရောက်မှု ရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Exfoliate အပျော့နဲ့ မျက်နှာကို တစ်ပတ်မှာ တစ်ခါကနေ နှစ်ခါ ချေးချွတ်ပေးသင့်ပါတယ်။ ဒီလိုမှ အသားအရေက တုံ့ပြန်မှု အားကောင်းမှာပါ။

၅။ Moisturize လုပ်ပါ

နေရောင်နဲ့ ခဏခဏ ထိတွေ့တာ များလာတဲ့အခါ အသားအရေက ခြောက်သွေ့လွယ်လာပါတယ်။ ဒါကြောင့် သင့်အသားအရေကို Moisturizer ကောင်းကောင်း လိမ်းပေးဖို့ လိုပါတယ်။ Moisturizer တွေထဲကမှ Oil က သင့်အသားအရေကို နက်ရှိုင်းစွာ စိုပြေစေပါတယ်။ ဒါကြောင့် နေပူထဲထွက်တဲ့နေ့တိုင်း Moisturize သေချာလုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar