လူတိုင်းရဲ့အလှအပအတွက် ခေါင်းအစခြေအဆုံးအသုံးဝင်စေတဲ့ ကော်ဖီရဲ့ကောင်းကျိုးတွေကို ပြောပြရင်းနဲ့ ဘယ်လိုအသုံးပြုလို့ရလဲဆိုတာကိုပါ ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားနိုင်ဖို့နဲ့ အသားအရေပိုကြည်လင်လာစေဖို့ ကော်ဖီမှုန့်နဲ့ Exfoliate လုပ်လို့ရပါတယ်။

ကော်ဖီမှုန့်အကြမ်း – ၁၅၀ ဂရမ်၊ သကြားညို – ၂၀၀ ဂရမ်၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောထည့်မွှေပြီး မျက်နှာမှာ သေချာပွတ်ပြီး Exfoliate လုပ်နိုင်ပါတယ်။

ခန္ဓာကိုယ်အသားအရေပိုလှပြီး ကြည်လင်လာစေဖို့၊ ဆဲလ်သေတွေဖယ်ရှားပြီး ချေးပြောင်စေဖို့၊ သွေးလည်ပတ်မှုပိုကောင်းစေဖို့ ကော်ဖီမှုန့်နဲ့ Body Scrub လုပ်လို့ရပါတယ်။ လုပ်ရမယ့်နည်းလမ်းကတော့ အပေါ်က မျက်နှာကို Exfoliate လုပ်တဲ့နည်းအတိုင်းပါပဲ။

နှုတ်ခမ်းသားအဖတ်လန်ပြီး ခြောက်တာမျိုးမဖြစ်ရအောင်၊ နှုတ်ခမ်းသားလေး နူးညံ့ပြီး စိုစိုပြည်ပြည်ဖြစ်အောင် ကော်ဖီမှုန့်နဲ့ Lip Scrub လုပ်လို့ရပါတယ်။

ကော်ဖီမှုန့်အကြမ်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး နှုတ်ခမ်းမှာ ပွတ်ပေးကာ Lip Scrub လုပ်နိုင်ပါတယ်။

ဆံသားပိုကောင်းလာစေဖို့၊ ဆံကေသာပိုတောက်ပြောင်ပြီး ဆဲလ်သေတွေလည်းဖယ်ရှားနိုင်ဖို့ ကော်ဖီမှုန့်နဲ့ ခေါင်းလျှော်လို့ရပါတယ်။

သင်သုံးမယ့် Shampoo ထဲကို ကော်ဖီမှုန့်အကြမ်း – စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပြီး ရေ – ခွက်တစ်ခွက်စာထည့်ကာ ရောမွှေပြီး ခေါင်းလျှော်ချလိုက်ပါ။ သေချာခေါင်းကို နှိပ်နယ်၊ ပွတ်ပြီးလျှော်ပါ။

ကော်ဖီမှုန့်နဲ့လည်း မျက်ကွင်းညိုတာကို သက်သာအောင်လုပ်လို့ရပါတယ်။

သကြားမထည့်ပဲ ကော်ဖီမှုန့်နဲ့ Black ကော်ဖီမျိုး ဖျော်လိုက်ပါ။ ပြီးရင် အဲ့ကော်ဖီထဲကို ကွင်းပြီးလှီးထားတဲ့ အာလူးနှစ်ဖက် ထည့်စိမ်လိုက်ပါ။ ပြီးတာနဲ့ အပြင်ကိုဆည်ထုတ်ပြီး ၂ မိနစ်လောက် အခြောက်ခံထားလိုက်ပါ။
အာလူးခြောက်သွားရင် မျက်ကွင်းညိုတဲ့နေရာမှာ မိနစ် ၂၀ တင်ထားလိုက်ပါ။

Source: www. brightside.me