မင်္ဂလာပါ… ပျိုမဒီတို့ရေ… တစ်ယောက်နဲ့တစ်ယောက်စတွေ့လို့ပြုံးပြတဲ့အခါ လူတိုင်း ပထမဆုံးမြင်ရတဲ့ အရာက သင့်ရဲ့အပြုံးပါ။ ပန်းနုရောင် ချောမွတ်ပြီး တောက်ပတဲ့ နှုတ်ခမ်းထက် ဘယ်အရာကမှ ပိုမလှပပါဘူး။ အသားအရေကို ဂရုစိုက်တဲ့အခါ နှုတ်ခမ်းကို မျှတတဲ့အဟာရနဲ့ ရေဓာတ်ပေးဖို့ မေ့သွားတတ်ပါတယ်။

လေထုညစ်ညမ်းမှုနဲ့ ရေဓာတ်ခန်းခြောက်ခြင်းတို့လိုအခြေအနေတွေက နှုတ်ခမ်းကို ကွဲတာ ၊ ခြောက်သွေ့တာတွေ ဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းသားခြောက်ပြီး ပျက်စီးနေတယ်ဆိုရင် စိတ်မပူပါနဲ့။ နူးညံ့တဲ့ ပန်းနုရောင်နှုတ်ခမ်းသား အတွက် Homemade Lip Scrubs ကိုသုံးပြီး နှုတ်ခမ်းသားပျက်စီးမှုကို အချိန်တိုအတွင်း ပြုပြင်လိုက်ပါ။

Honey and Lemon Lip Scrub

ပါဝင်ပစ္စည်းများ-
1. ကြိတ်ထားတဲ့သကြား 4 TSP
2. ပျားရည် 2 TSP
3. သံပုရာရည် 2 TSP

ပြုလုပ်နည်း-
ကြိတ်ထားတဲ့သကြား၊ ပျားရည်နဲ့ သံပုရာရည်တို့ကို ရောမွှေပေးပါ။ ရောထားတာကို လက်ချောင်းလေးနဲ့ နည်းနည်းယူပြီး နှုတ်ခမ်းကို စက်ဝိုင်းပုံစံပွတ်ပေးပါ။

Oats and Honey Lip Scrub

ပါဝင်ပစ္စည်းများ-
1. ကြိတ်ထားတဲ့ Oats 4 TSP
2. အုန်းဆီ 2 TSP
3. ပျားရည် 1 TSP

ပြုလုပ်နည်း-
ဂျုံနဲ့ အုန်းဆီတို့ကို ရောစပ်ပြီး ပျားရည်ထည့်ပါ။ ရောထားတာကို လက်ချောင်းလေးနဲ့နည်းနည်းယူပြီး နှုတ်ခမ်းကို စက်ဝိုင်းပုံစံပွတ်ပေးပါ။ 2-3 မိနစ်ခန့် Scrub လုပ်ပြီး ပန်းနုရောင်နဲ့ နူးညံ့တဲ့ နှုတ်ခမ်းကို ရရှိဖို့အတွက် ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။

Lavender Lip Scrub

ပါဝင်ပစ္စည်းများ-
1. အညိုရောင်သကြား 2 TSP
2. သံလွင်ဆီ 1 TSP
3. Lavender Essential Oil 5-6 ခေါက်

အသုံးပြုပုံ–
1. သကြားအညိုကို သံလွင်ဆီ၊ လာဗင်ဒါဆီနဲ့ ရောမွှေပြီး ကောင်းစွာ မွှေပေးပါ။ နှုတ်ခမ်းပေါ် လိမ်းပြီး နှုတ်ခမ်းကို ၂-၃ မိနစ်လောက် နှိပ်နယ်ပေးပါ။ ရေနဲ့ဆေးချပြီး Lip Balm အနည်းငယ် လိမ်းပေးပါ။

Beetroot Lip Scrub

ပါဝင်ပစ္စည်းများ-
1. ကြိတ်ထားတဲ့ သကြား 2 TSP
2. TSP Beetroot Powder 1 TSP
3. Almond Oil 2 TSP
4. Vanilla Extract 5-6 drops

အသုံးပြုပုံ-
1. ကြိတ်ထားတဲ့သကြားနဲ့ Beetroot အမှုန့်ကို ဗာဒံဆီနဲ့ရောစပ်ပြီး Vanilla Extract ကိုထည့်ပါ။
2. နှုတ်ခမ်းသားကို ပွတ်တိုက်ပေးမယ့် ပမာဏ အနည်းငယ်ကို နှုတ်ခမ်းပေါ် လိမ်းပြီး စက်ဝိုင်းပုံစံ ၂ မိနစ်လောက် ပွတ်ပေးပါ။
3. နူးညံ့တဲ့အ၀တ်စနဲ့ သုတ်ပါ သို့မဟုတ် ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ ဒါက ပန်းရောင်နဲ့ နူးညံ့တဲ့ နှုတ်ခမ်းအတွက် အကောင်းဆုံး အိမ်လုပ်Lip Scrubs တွေထဲက တစ်ခုပါ။

Orange Peel Lip Scrub

ပါဝင်ပစ္စည်းများ-
1. Orange Peel Powder 1 TSP
2. ကြိတ်ထားတဲ့ သကြား 1 TSP
3. စပျစ်စေ့ဆီ 1 TSP

အသုံးပြုပုံ-
1. စပျစ်စေ့ဆီ ၊ လိမ္မော်ခွံမှုန့်နဲ့သကြားတို့ကို ရောမွှေပြီး နှုတ်ခမ်းကို ၂-၃ မိနစ်လောက် ပွတ်ပေးပါ။ နှုတ်ခမ်းကို ရေစိုနေတဲ့အဝတ် ဒါမှမဟုတ် ရေအေးအေးနဲ့ ဆေးပေးပါ။