အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အလှအပစိတ်ဝင်စားတဲ့ပျိုမေတို့အတွက် ချွေးပေါက်တွေကျယ်ပြီး အသားအရေတင်းရင်းမှုမရှိသလိုဖြစ်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် မိမိအိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ သဘာဝနည်းလမ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ ငှက်ပျောသီး
ပါဝင်ပစ္စည်း
- ငှက်ပျောသီးမှည့် တစ်ခြမ်း
- သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး ငှက်ပျောသီးကို အခွံနွာလိုက်ပါ။ အဲဒီနောက် ပြဲအောင်လုပ်လိုက်ပြီး ပျားရည်နဲ့ သံလွင်ဆီထည့်ပါ။ မျက်နှာပေါ်မှာလိမ်းပေးထားလိုက်ပြီး ၁၅ မိနစ်လောက်ထားပါ။အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပြီး ရေအေးအေးလေးနဲ့ မျက်နှာထပ်သစ်ပါ။
တစ်ပတ် ၁ (သို့) ၂ ကြိမ်လုပ်ပါ။
၂။ ကြက်ဥ
ပါဝင်ပစ္စည်း
- ကြက်ဥအကာ ၁ လုံး
- ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း
- သကြား အနည်းငယ်
ပြုလုပ်နည်း
အရင်ဆုံး ကြက်ဥအကာကိုထုတ်လိုက်ပါ။ ဒိန်ချဉ်နဲ့ သကြားရောပြီးမွှေလိုက်ပါ။ မျက်နှာပေါ်မှာလိမ်းပေးပြီးခြောက်အောင်ထားပါ။ ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပြီး ရေအေးအေးနဲ့ ထပ်ဆေးချပါ။
တစ်ပတ် ၁ ကြိမ်။
၃။ ရွှံ့ဆေး
ပါဝင်ပစ္စည်း
- ရွှံ့ဆေးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
- နို့မုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေ (သို့) နှင်းဆီရေ အနည်းငယ်
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအားလုံးကို ခပ်ပျစ်ပျစ်လေးဖြစ်အောင်ရောလိုက်ပါ။ ပြီးရင်မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပြီး လည်ပင်းကိုပါ လိမ်းပေးပါ။
၁၀ – ၁၅ မိနစ်လောက်ထားပြီးရေဆေးချလိုက်ပါ။
၁ ပတ် ၁ ကြိမ်လုပ်ပေးပါ။
Source: www.stylecraze.com