ဆားဝက်ခြံတွေက ညှစ်လေပိုများလာလေ ဖြစ်နေတတ်ပါတယ်။ ညှစ်ရင် လက်ယောင်လိုက်ပြီး နီရဲတာ၊ လက်မသန့်ရင် ဝက်ခြံပါထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆားဝက်ခြံတွေကို ဖယ်ရှားပေးမယ့် homemade mask လုပ်နည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေတာကို ရွေးလုပ်လို့ရတာပေါ့။

နို့နဲ့ပျားရည်

နို့ – တစ်ခွက်ကို ပျားရည် – ၂ ဇွန်းနဲ့ ရောမွှေပြီး ဂွမ်းလုံးလေးနဲ့ယူကာ ဆားဝက်ခြံရှိတဲ့နေရာတွေကို ထူထူလေးသာ လိမ်းထားလိုက်ပါ။ ၁၅ မိနစ်လောက်ကြာမှ ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ပတ်မှာ တစ်ကြိမ် (သို့) ၂ ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

သံပရိုရည်နဲ့ကြက်ဥအကာ

ကြက်ဥတစ်လုံးကို အနှစ်ဖယ်ပြီး အကာရည်ပဲ ယူပါမယ်။ ပြီးရင် သံပရိုရည် – တစ်ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ ဆားဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ရေခဲရေနဲ့ ပွတ်ဆေးလိုက်ပါ။ ပြီးတာနဲ့ moisturizer လိမ်းပေးဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

သစ်ကြံပိုးခေါက်အမှုန့်နဲ့ပျားရည်

သစ်ကြံပိုးခေါက်အမှုန့် – ၁ ဇွန်းနဲ့ ပျားရည် – ၃ ဇွန်းကို ရောမွှေပြီး ဆားဝက်ခြံရှိတဲ့နေရာကို လိမ်းထားလိုက်ပါ။ မိနစ် ၂၀ ကြာမှ ရေကြက်သီးနွေးနဲ့ ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါ

ပျားရည် – ၂ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ – ၁ ဇွန်းကို ရောမွှေပြီး ဆားဝက်ခြံရှိတဲ့နေရာကို လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးရင် ရေခဲရေနဲ့ သန့်စင်ပေးပါ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်လည်း တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

Oatmeal နဲ့ ဒိန်ချဉ်၊ သံပရိုရည်

Oatmeal – ၁ ဇွန်း နဲ့ ဒိန်ချဉ် – ၁ ဇွန်း ရောမွှေပြီး oatmeal ကို ကျေအောင်ချေပေးပါ။ ၁၀ မိနစ်လောက်ကြာမှ သံပရိုရည် – ၁ ဇွန်းစာလောက် ညှစ်ထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ မျက်နှာတစ်ပြင်လုံး လိမ်းလည်းရသလို၊ ဆားဝက်ခြံရှိတဲ့နေရာကိုပဲ လိမ်းပေးလည်း ရပါတယ်။ မိနစ် ၂၀ ထားပြီးရင်တော့ ရေခဲရေနဲ့ မျက်နှာသစ်ပါ။ ဒီနည်းလမ်းကိုလည်း တစ်ပတ်တစ်ကြိမ်ပဲ လုပ်ပေးပါ။