မင်္ဂလာပါနော်။ ဌက်ပျောသီးဟာ ဆံနွယ်နဲ့ အသားအရေအလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးပြုပေးတဲ့ သဘာဝသီးနှံတစ်မျိုးဆိုတာ ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။ ဌက်ပျောသီးတွေမှာ ဗီတာမင် E ၊ ဗီတာမင် B1 ၊ B2 နဲ့ ဗီတာမင် C စတဲ့ အသားအရေအစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်အစုံပါဝင်တာမို့ တော်တော်များများက မျက်နှာပေါင်းတင်တဲ့အခါ တည့်ပြီးအသုံးပြုတတ်ကြပါတယ်။ သဘာဝပစ္စည်းဖြစ်တာမို့ လွယ်လွယ်ဝယ်သုံးနိုင်သလို ပုံမှန်သုံးပေးမယ်ဆိုရင် အသားအရေတင်းရင်းပြီး နုပျိုစေသလို Skin ပဿနာတွေပါ သက်သာလာမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတိုင်းအသုံးတည့်စေဖို့ ကိုယ့်အသားအရေအမျိုးအစားအလိုက် အသုံးပြုနိုင်မယ့် ဌက်ပျောသီးနဲ့ပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Dry Skin အတွက်


Dry Skin ရှိသူတွေက အသားအရေအစိုဓာတ်ဖြည့်ပေးဖို့ အရေးကြီးတာမို့ ပေါင်းတင်ဖို့အတွက် ဌက်ပျောသီး၊ ပျားရည်နဲ့ အုန်းဆီတို့ကို သုံးပေးဖို့လိုပါတယ်။ ဌက်ပျောသီးနဲ့ ပျားရည်တို့ကိုပေါင်းလိုက်တာက အရေပြားအတွင်းပိုင်းအထိ အစိုဓာတ်ရစေမှာပါ။ အုန်းဆီမှာလည်း အသားအရေစိုပြေစေတဲ့ Vitamin E ပါဝင်တာမို့ ဒီပါဝင်ပစ္စည်းသုံးမျိုးကို အနည်းငယ်စီယူပြီး သမအောင်မွှေကာ မျက်နှာမှာ ၁၅မိနစ်လောက် လိမ်းထားပေးပါ။ အချိန်ပြည့်တဲ့အခါ ရေနွေးနွေးလေးနဲ့ ပြန်လည်ဆေးချနိုင်ပါတယ်။ အစိုဓာတ်အဓိကအားဖြည့်ပေးတဲ့နည်းလေးဖြစ်တာမို့ အသားခြောက်တတ်တဲ့ ရာသီတွေမှာ သုံးဖို့ကွက်တိပါပဲ။

Oily Skin အတွက်


ဌက်ပျောသီးအမှည့်က အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဌက်ပျောသီးအမှည့်တစ်လုံးနဲ့ ထောပတ်သီးတစ်ဝက်တို့ကိုရောပြီး ကြိတ်ပေးပါ။ ပြီးနောက် ကြက်ဥအနှစ်တစ်လုံးထည့်ပြီး အနှစ်ရအောင် မွှေပေးရပါမယ်။ ကြက်ဥနဲ့ ထောပတ်သီးက အရေပြားပေါ်ကမလိုတဲ့ အဆီတွေကိုစုပ်ယူပေးမှာပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာ ၁၀ မှ ၁၅ မိနစ်လောက်လိမ်းထားပြီး ရေနွေးနွေးနဲ့ဆေးချကာ မျက်နှာသုတ်ပုဝါနဲ့ ခပ်ဖွဖွပုတ်ပြီး ရေပြန်သုတ်ပေးရမှာဖြစ်ပါတယ်။

နီမြန်းလွယ်ပြီး Sensitive ဖြစ်တတ်တဲ့ Skin အတွက်


သင်က အသားအရေနီမြန်းလွယ်တဲ့သူဆိုရင်တော့ ဌက်ပျောသီး၊ နနွင်းနဲ့ ဒိန်ချဉ်တို့ပါဝင်တဲ့ ပေါင်းတင်နည်းကို သုံးကြည့်ပါ။ ဌက်ပျောသီးတစ်လုံးကို နနွင်းနဲ့ Plain ဒိန်ချဉ် တစ်ဇွန်းစာဆီရောပြီး အပေါ်ကနည်းတွေကို ၁၅ မိနစ်လောက်ပေါင်းတင်ပေးရမှာဖြစ်ပါတယ်။ နနွင်းနဲ့ ဒိန်ချဉ်က ဝက်ခြံနဲ့အမဲစက်တွေဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကိုဖယ်ရှားပေးတာမို့ အရေပြားယားယံတာနဲ့ ဝက်ခြံတွေမထွက်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

ဝက်ခြံရှိတဲ့ Skin အတွက်


ဝက်ခြံအထွက်များတဲ့သူတွေကတော့ ဌက်ပျောသီးအမှည့်ကို နနွင်းမှုန့်အနည်းငယ်၊ မုန့်ဖုတ်ဆိုဒါအနည်းငယ်တို့နဲ့ရောပြီး ပေါင်းတင်ပေးရမှာဖြစ်ပါတယ်။ အနှစ်ပုံစံရအောင် ရေ ဒါမှမဟုတ် ဒိန်ချဉ်နည်းနည်းထည့်ပြီး မွှေပေးပါ။ မိနစ်သုံးဆယ်လောက်လိမ်းပြီး ရေနဲ့ပြန်ဆေးချပေးရုံပါပဲ။

အရေးအကြောင်းရှိတဲ့ Skin အတွက်


အရေးအကြောင်းပေါ်တတ်တဲ့အသားအရေပိုင်ရှင်တွေက များသောအားဖြင့် အသားခြောက်ပြီး ချွေးပေါက်ကျယ်တတ်တာမို့ ဒိန်ချဉ်၊ ဌက်ပျောသီးတို့သုံးပြီး ပေါင်းတင်ကြည့်ဖို့လိုပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ Antioxident ဓာတ်တွေက Collagen ထုတ်လုပ်မှုမြင့်တက်စေတာကြောင့် အသားအရောင်ညီပြီး အရွယ်မတိုင်ခင် အရေးအကြောင်းပေါ်တာတွေကိုပါ သက်သာစေမှာပါ။ ဒိန်ချဉ်နှစ်ဇွန်းခန့်ကို ဌက်ပျောသီးတစ်လုံးနဲ့ရောပြီး ကျေသွားအောင်ကြိတ်ကာ အသုံးပြုပေးပါ။ ၁၅ မိနစ်မှ မိနစ်၂၀ ကြားလိမ်းထားပြီး ရေပြန်ဆေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar