မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ အသားအရေတင်းတင်းရင်းရင်းမရှိတော့သလို ခံစားရလို့ စိတ်ညစ်နေတဲ့သူတွေရှိလား။ အသားအရေအောက်လျော့တွဲခြင်းက နေလောင်ဒဏ်ကြောင့်လည်း ဖြစ်နိုင်သလို အရွယ်ရလာလို့ Collagen အထွက်နည်းတာ၊ အိပ်ရေးပျက်များတာနဲ့ သိသိသာသာဝိတ်ကျသွားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် အသားအရေတင်းရင်းမှုမလျော့အောင် သဘာဝအတိုင်း ကိုယ်တိုင်လုပ်နိုင်မယ့် ပေါင်းတင်နည်းတွေကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။ စမ်းလုပ်ကြည့်ဖို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ပါနော်-

ဌက်ပျောသီး


ပိုတက်ဆီယမ်နဲ့ ဗီတာမင်ဓာတ်များစွာပါတဲ့ ဌက်ပျောသီးရဲ့အာနိသင်က မျက်နှာပေါ်က အရေးအကြောင်းတွေ လျော့ချပေးပြီး အသားအရေတင်းရင်းစေပါတယ်။ ဌက်ပျောသီးအမှည့်အသေးတစ်လုံးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို သန့်စင်ပြီးသားမျက်နှာပေါ် လိမ်းကာ ၁၅ မိနစ်လောက် ပေါင်းတင်ပေးပါ။ အချိန်ပြည့်တဲ့အခါ ရေနွေနွေးနဲ့ဆေးပြီး ပုဝါနဲ့ဖွဖွပုတ်ပြီး ရေပြန်သုတ်ပေးပါ။

သခွားသီး


သခွားသီးရဲ့ရေဓာတ်က အသားအရေကို နူးညံ့ပြီး ကြည်ကြည်စိုစိုလေးဖြစ်အောင် ပံ့ပိုးပေးပါတယ်။ အခွံခွာပြီးသား သခွားသီးကို အရည်ထွက်အောင် ကြိတ်ကာ ရလာတဲ့အရည်ကို ဝါဂွမ်းအသန့်နဲ့ စွတ်ကာ မျက်နှာမှာ စိမ့်ဝင်သွားအောင်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီး ရေပြန်ဆေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်


ရှားစောင်းကရတဲ့ Gel ရဲ့အာနိသင်က အသားအရေကိုပြန်လည်တင်းရင်းစေတဲ့အပြင် ကိုယ်တွင်း Collagen ထုတ်လုပ်မှုကိုပါ မြင့်တင်ပေးနိုင်ပါတယ်နော်။ သုံးရမယ့်နည်းက သဘာဝရှားစောင်း Gel ကို မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်လောက်ထားရုံပါပဲ။ သူ့ကိုလည်း အချိန်ပြည့်တဲ့အခါ ရေနဲ့ပြန်လည်ဆေးချပေးပါ။

Coffee


ကော်ဖီက နေရောင်ခြည် UV Rays တွေကြောင့်ဖြစ်တဲ့အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို သက်သာစေပါတယ်နော်။ ကော်ဖီမှုန့်အနည်းငယ်ကို အနှစ်ရအောင် ရေနဲ့ရောကာ လျော့တွဲနေတဲ့အရေပြားပေါ် စက်ဝိုင်းပုံဝိုက်ပြီးလိမ်းပေးပါ။ ၁၅ မိနစ်ခန့်လိမ်းထားပြီး ရေနွေးနွေးနဲ့ဆေးချနိုင်ပါတယ်။

ပျားရည်


ပျားရည်မှာအသားအရေအစိုဓာတ်ပေးပြီး အဆိပ်အတောက်ပြယ်စေတဲ့ အာနိသင်ကောင်းတွေပါဝင်ပါတယ်။ ပျားရည်အနည်းငယ်ကို ရေနဲ့ရောပြီး အရေးအကြောင်းနဲ့ ချွေးပေါက်ကျယ်တဲ့နေရာတွေ အသားအရေလျော့တွဲတွဲဖြစ်တဲ့နေရာတွေပေါ် လိမ်းပေးပါ။ သူ့ကိုလည်း ၁၅ မိနစ်လောက်ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar