လက်သည်းနီခဏခဏဆိုးလို့ ပျက်စီးနေတဲ့လက်သည်းတွေကို ပြန်ပြီးကောင်းလာစေဖို့နဲ့ လက်သည်းလေးတွေ ပိုပြီးလှပလာစေဖို့အတွက် အိမ်တွင်းဖြစ်နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

သခွားသီးကို Blender နဲ့ကြိတ်ပြီး ရလာတဲ့အရည်ကိုခွက်ထဲထည့်ပြီး လက်သည်းစိမ်ထားလိုက်ပါ။ ၅ မိနစ်လောက်စိမ်ထားရမှာပါ။ နေ့တိုင်းလုပ်ပေးရင် လက်သည်းအဖတ်လှန်တာတွေ သက်သာပျောက်ကင်းပြီး လက်သည်းလေးအရင်လို ပြန်ကောင်းလာပါလိမ့်မယ်။

လက်သည်းကျန်းမာပြီး ပိုကောင်းလာစေဖို့ Tea Tree Oil ကို လက်သည်းမှာ သုတ်လိမ်းပေးနိုင်ပါတယ်။

လက်သည်းဝါနေတာတွေပျောက်ပြီး လက်သည်းလေးတွေပြန်ဖြူလာစေဖို့ သံပုရာသီးနဲ့ မုန့်ဖုတ်ဆိုဒါကို ရောမွှေပြီး သွားပွတ်တံနဲ့ လက်သည်းကို ပွတ်တိုက်ပေးနိုင်ပါတယ်။

လက်သည်းမြန်မြန်ရှည်ဖို့နဲ့ လက်သည်းပိုးစားတာပျောက်ဖို့အတွက် ငှက်ပျောသီးအခွံနဲ့ လက်သည်းကိုပွတ်ပေးနိုင်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း များများစားပေးပါ။

အုန်းဆီနဲ့ လက်သည်းကိုပွတ်ပြီး massage လုပ်ပေးရင် လက်သည်းသန်ပြီး လိုအပ်တဲ့ Moisturize ရစေပါတယ်။

Source: www. brightside.me