အမာရွတ်ဟောင်းတွေ ပျောက်ဖို့ဆိုတာက ခက်ပါတယ်။ ဒါပေမယ့် အချိန်ယူပြီး သေချာ ဇွဲရှိရှိနဲ့ ပုံမှန်လုပ်ပေးရင်တော့ ဖြေးဖြေးချင်းစီ ပါးပြီး ပျောက်သွားမှာပါ။ ဒါကြောင့် အမာရွတ်ဟောင်းတွေ ပါးပြီးပျောက်သွားစေမယ့် home remedies (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ နည်းလမ်း ၅ မျိုးဖြစ်တာကြောင့် ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

Vitamin E

Vitamin E capsule ကို ထိပ်လေးဖြတ်ပြီး အမာရွတ်ပေါ် တိုက်ရိုက်လိမ်းရမှာပါ။ အမာရွတ်ပေါ် သင့်တင့်တဲ့ပမာဏလောက် ယူလိမ်းပြီး လက်ချောင်းလေးတွေနဲ့ ၁၀ မိနစ်ခန့် massage ပေးပါ။ ပြီးရင် မိနစ် ၂၀ ထားပြီးမှ ရေကြက်သီးနွေးနဲ့ သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်နေ့ ၃ ကြိမ် ပုံမှန်လုပ်ရပါမယ်။

ပျားရည်

ညအိပ်ယာဝင်ခါနီးမှာ ပျားရည်ကို နည်းနည်းလေးယူပြီး အမာရွတ်ပေါ် လိမ်းပေးပါ။ ပြီးရင် တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ ညတိုင်းလုပ်ရပါမယ်။

သံပယိုသီး

သံပယိုသီးကို အရည်ညှစ်ချပြီး ရလာတဲ့အရည်ကိုမှ ဂွမ်းလုံးလေးနဲ့ပဲဖြစ်ဖြစ် ယူပြီး အမာရွတ်ပေါ် ပွတ်လိမ်းပါ။ ၁၀ မိနစ်ထားပြီးမှ ရေခဲရေနဲ့ သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်းလုပ်ရပါမယ်။ လုပ်တဲ့အချိန်ကလည်း တူရပါမယ်။ ဥပမာ – ည ၇ နာရီမှာလုပ်မယ်ဆိုရင် နေ့တိုင်း ည ၇ နာရီမှာ လုပ်ရပါမယ်။

အာလူး

အာလူးကို အနေတော်အထူလောက် အဝိုင်းလေးတွေ လှီးလိုက်ပါ။ ပြီးရင် အမာရွတ်ပေါ် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပွတ်ပြီးရင် ခြောက်အောင်ထားပါ။ မိနစ် ၂၀ လောက်ကြာမှ ရေခဲရေနဲ့သန့်စင်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ နေ့တိုင်း အနည်းဆုံး တစ်ကြိမ်တော့ လုပ်ရပါမယ်။ အချိန်ရရင်တော့ တစ်နေ့ ၂ ကြိမ် နေ့တိုင်းလုပ်ပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင် အမာရွတ်နေရာကို ရေစိုအောင် အရင်လုပ်ပါ။ ပြီးမှ မွှေထားတဲ့ မုန့်ဖုတ်ဆိုဒါတွေကို အမာရွတ်ပေါ် လိမ်းထားလိုက်ပါ။ ၁၅ မိနစ်ကြာရင် ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် တစ်ပတ်မှာ ၃ ကြိမ်လောက်ပဲ လုပ်ပေးပါ။