သွားကိုက်ရင် အရမ်းစိတ်ညစ်ရတာကြောင့် သွားကိုက်တာကို အမြန်ဆုံး သက်သာလာအောင် လုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆေးမသောက်ချင်တဲ့သူတွေအတွက်လည်း အသုံးဝင်စေမယ့် နည်းလမ်းကောင်းတွေ ဖြစ်မှာပါ။

ရေခဲအိတ်

သွားကိုက်ရင် ရေခဲအိတ်ကပ်ပေးတဲ့ နည်းလမ်းကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပါပဲ။ ကိုယ်ခံနိုင်ရည်ရှိသလောက် အချိန်ကြာကြာ ကပ်ပေးပါ။ ခဏခဏကပ်ပေးပါ။ သက်သာလာပါလိမ့်မယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို အခွံခွာ၊ ထောင်းပြီး သွားကိုက်နေတဲ့နေရာကို ထည့်သိပ်ပေးပြီးငုံထားရမှာပါ။ ဒီလိုလုပ်ပေးခြင်းက သွားကိုက်တာ၊ သွားဖုံးရောင်တာကို သက်သာစေပါတယ်။

ဂျင်း

ဂျင်းကိုထောင်းပြီး အရည်ရအောင်ညှစ်ချပါ။ ရလာတဲ့ဂျင်းအရည်ကိုမှ သွားကိုက်နေတဲ့နေရာကို ထည့်သိပ်ပေးပြီး တစ်နာရီထားပါ။ ဒီလိုလုပ်ပေးခြင်းက သွားကိုက်တာ၊ သွားဖုံးရောင်တာကို သက်သာစေပါတယ်။

သံပုရာသီး (သို့) သံပယိုသီး

သံပုရာသီး (သို့) သံပယိုသီးကို အဆင်ပြေသလိုလှီးပြီး သွားကိုက်နေတဲ့နေရာမှာ ကိုယ်ခံနိုင်သလောက် ကိုက်ပြီးငုံထားပေးပါ။ ဒီလိုလုပ်ပေးခြင်းက သွားကိုက်နေတာကို သက်သာစေပါတယ်။

နနွင်းမှုန့်

နနွင်းမှုန့်နဲ့ရေကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ သွားကိုက်နေတဲ့နေရာမှာ ထည့်သိပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းကလည်း သွားကိုက်တာကို အမြန်ဆုံးသက်သာစေပါတယ်။

source:www.medicinenet.com