ပျက်စီးနေတဲ့ဆံသားအတွက် အိမ်တွင်းဖြစ်သဘာဝနည်းလမ်းနဲ့ ဆံပင်ပေါင်းတင်နည်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံသားလည်းပျက်စီးနေတယ်၊ ငွေကုန်ကြေးကျလည်း သက်သာချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို try ကြည့်သင့်ပါတယ်။

ကြက်ဥ

ကြက်ဥတစ်လုံးကိုဖောက်ပြီး ခလောက်ပေးပါ။ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ထပ်ခလောက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားကို brush နဲ့ယူပြီးလိမ်းပေးပါ။ နာရီဝက်လောက်ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကတော့ ဆံသားပျက်စီးနေတာတွေကို သက်သာစေပြီး ဆံသားချောမွေ့လာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အခွံခွာပြီး ကျေညက်သွားအောင် ချေပေးပါ။ ပြီးရင်တော့ လက်နဲ့ပဲယူပြီး ဆံပင်အဖျားကနေ အရင်းထိရောက်အောင် သေချာလိမ်းပေးပါ။ ပြီးရင်တော့ shower cap နဲ့အုပ်ထားပြီး တစ်နာရီထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။

ဒီနည်းလမ်းကတော့ ဆံသားပျက်စီးနေတာတွေ သက်သာစေပြီး ဆံပင်နှစ်ခွဖြစ်တာတွေလည်း သက်သာစေပါတယ်။

ထောပတ်သီး

ထောပတ်သီးအမှည့်ကို အတွင်းသားတွေခြစ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ချေပေးပါ။ ကျေညှက်သွားအောင် ချေပြီးရင်တော့ ကြက်ဥတစ်လုံးနဲ့ဖောက်ထည့်ပြီး ခလောက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားကိုမထိပဲ ဆံသားကိုပဲ သေချာနှံ့အောင်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကတော့ ဆံသားပျက်စီးနေတာတွေ သက်သာစေပြီး ဆံပင်သန်စေပါတယ်။ ဆံသားကျိုးကြေတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Green Tea

Green Tea bag ကို ရေနွေးခွက်ထဲထည့်စိမ်ပြီး အအေးခံထားပါ။ ပြီးရင်တော့ Tea bag ကိုထုတ်ပြီး ကျန်ခဲ့တဲ့ ခွက်ထဲကအရည်တွေကို ဦးရေပြားနဲ့ ဆံသားပေါ်လောင်းချပြီး လက်ချောင်းလေးတွေနဲ့ ညှင်သာစွာ massage လုပ် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကတော့ ဆံသားပျက်စီးတာကို သက်သာစေပြီး ဆံသားသန်စွမ်းကျန်းမာစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီစစ်စစ်ကို coin-size ပမာဏလောက်ထည့်ပြီး ဦးရေပြားကိုလိမ်းကာ လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ဆံသားကိုလည်း များများလိမ်းပေးပါ။ ဆံပင်အဖျားတွေကို ရွှဲနေအောင် လိမ်းထားပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။

ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဆံပင်ဖွာတာတွေလည်း သက်သာစေပါတယ်။ ဆံပင်လည်းသန်စေပါတယ်။