သင်က မိတ်ကပ်မလိမ်းဘဲနဲ့ကို လှစေချင်နေတယ်ဆိုရင်တော့ သိထားသင့်တဲ့ အချက်တစ်ချို့ ရှိပါတယ်။ ဒီအချက်တွေကို သိထားမယ်ဆိုရင် မိတ်ကပ်မပါရင်တောင် အပြင်ထွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပါလိမ့်မယ်။ မိတ်ကပ်လိမ်းတာက အလုပ်ရှုပ်တာကြောင့် တချို့မိန်းကလေးတွေဆိုရင် မလိမ်းချင်ကြပါဘူး။ တချို့ဆိုရင် မိတ်ကပ်မလိမ်းဘဲ လှနေတာကိုပဲ လိုချင်ကြပြန်ပါတယ်။ ဒီတော့ မိတ်ကပ်မပါဘဲ လှနေစေမယ့် နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ စကားပြောတဲ့အခါ လူတွေရဲ့ မျက်လုံးကို ကြည့်ပြောပါ

ဒါက Self-Confidence နဲ့ ဆိုင်သွားပါပြီ။ မိတ်ကပ်မလိမ်းထားရင်လည်း အေးဆေးပဲ ဆိုတဲ့ ခံယူချက်မျိုးဘက် ဦးတည်သွားပါတယ်။ မိတ်ကပ်လိမ်းလိမ်း မလိမ်းလိမ်း စကားပြောတဲ့အခါ တစ်ဘက်လူရဲ့ မျက်လုံးကို ကြည့်ပြောသင့်ပါတယ်။ ဒီလို သူများရဲ့ မျက်လုံးကို ကြည့်ပြောတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ပုံစံရစေပါတယ်။

၂။ သဘာဝဆန်ဆန် အရောင်လေးတွေ ဝတ်ပါ

မိတ်ကပ်မလိမ်းဘဲ လှဖို့ ဖက်ရှင်ဝတ်ဆင်ပုံကလည်း အရေးပါနေပြန်ပါတယ်။ အရောင်မှိန်မှိန်လေးနဲ့ သဘာဝ ဆန်ဆန် အရောင်လေးတွေက မိတ်ကပ်မပါလည်း ရိုးရိုးလေးနဲ့ လှနေစေပါတယ်။ ဥပမာ အရောင်တွေအနေနဲ့- အဖြူရောင်၊ မီးခိုးရောင်၊ အနက်ရောင်နဲ့ အပြာရောင်တို့ ဖြစ်ပါတယ်။

၃။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ Skincare

မိတ်ကပ်မပါဘဲ လှချင်တဲ့ ပျိုမေတို့အဖို့ ကိုယ့်တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ အရေးပါ ပါတယ်။ ဒါ့အပြင် Skincare ကတော့ နံပါတ်တစ် အရေးအပါဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကတော့ အရေးအကြီးဆုံး အချက် ဖြစ်ပါတယ်။

၄။ မှန်ကန်တဲ့ ကိုယ်နေဟန်ထား

ကိုယ်နေဟန်ထားကို မှန်မှန်ထားဖို့က သင့်တစ်ကိုယ်လုံးစာအတွက် အရေးပါ ပါတယ်။ ပခုံးကို မတ်မတ်ထားကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိ လမ်းလျှောက်သင့်ပါတယ်။ ဒီလိုဆိုရင်တော့ သင်က မိတ်ကပ်မလိမ်းရင်တောင် ထူးခြားနေပါလိမ့်မယ်။

၅။ သင့်နှုတ်ခမ်း၊ မျက်လုံးနဲ့ ဆံပင်

မိတ်ကပ်မပါဘဲ လှနေဖို့အတွက် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် မျက်လုံး၊ နှုတ်ခမ်းနဲ့ ဆံပင်ပါ။ ဆံပင်ကို မပျက်စီးအောင် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် သင့်မျက်လုံးကို အမြဲ ကြည်နေအောင် အိပ်ရေးဝဝ အိပ်သင့်ပါတယ်။ နှုတ်ခမ်းကိုလည်း ပုံမှန်ပေါင်းတင်ကာ Scrub လုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar