တော်တော်များများက ဆားရည်ငုံတာလောက်ပဲ လုပ်ဖြစ်ကြပါတယ်။ ဆားရည်သောက်တယ်ဆိုတာမျိုးတော့ သိပ်ပြီးလုပ်လေ့မရှိပါဘူး။ ဆားရည်ကို တစ်ခွက်လုံးမဟုတ်ပဲ ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာလောက်ကို နေ့တိုင်းသောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းတာတွေရှိပါတယ်။ ဒါပေမယ့် သွေးတိုးရှိတဲ့သူတော့ သောက်လို့မဖြစ်ပါဘူး။ ဆားရည်သောက်ပေးခြင်းကြောင့် ရရှိလာမယ့် ကျန်းမာရေးဆိုင်ရာကောင်းကျိုး ၅ ခုကိုလည်း မျှဝေပေးလိုက်ပါတယ်။

အစာခြေစနစ်တိုးမြင့်ပေးခြင်း

မနက်တိုင်းမှာ ဆားရည်ကို ပုံမှန်သောက်ပေးခြင်းက အစာခြေစနစ်ကို ပိုကောင်းလာအောင် ကူညီပေးပါတယ်။ ခဏခဏ အစာမကြေဖြစ်တတ်တဲ့သူတွေဆို ဒီနည်းလမ်းကို လုပ်ကြည့်သင့်ပါတယ်။

အရိုးအဆစ်သန်မာစေတယ်

ဆားရည်သောက်ပေးခြင်းက ခန္ဓာကိုယ်မှာလိုအပ်တဲ့ calcium နဲ့ minerals ဓာတ်တွေ ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးလို့ အရိုးအဆစ်တွေလည်း ပိုသန်မာလာစေပါတယ်။

Skin Problems တွေပျောက်စေတယ်

ဆားရည်က အသားအရေအတွက်လည်း အရမ်းအထောက်အကူဖြစ်ပါတယ်။ ဆားရည်ကို သောက်ပေးခြင်းက Skin Problems တွေ သက်သာပျောက်ကင်းစေပါတယ်။ အသားအရေကြည်လင်ပြီး နူးညံ့လာစေဖို့လည်း ကူညီပေးပါတယ်။

အိပ်လို့ပိုကောင်းလာစေတယ်

ဆားရည်ကိုသောက်ပေးခြင်းက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေပြီး ညဘက်တွေမှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာစေပါတယ်။

ကိုယ်တွင်းအဆိပ်အတောက်တွေလျော့ကျစေတယ်

ဆားရည်စိမ်ပေးရင် အဆိပ်အတောက်တွေလျော့ကျစေသလိုပဲ ဆားရည်သောက်ပေးခြင်းကလည်း ကိုယ်တွင်းအဆိပ်အတောက်တွေ လျော့ကျစေပါတယ်။

source:www.blushin.com