မျက်မှန်တပ်တဲ့ ဆံပင်အတိုနဲ့ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ ဆံပင်ပြင်ဆင်ပုံ ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အားလုံးကလည်း ပြင်ရတာလွယ်တဲ့ ပုံစံလေးတွေဖြစ်တာကြောင့် Try ကြည့်သင့်ပါတယ်။ မျက်မှန်မတပ်လည်း ကိုယ်က ဆံပင်အတိုလေးနဲ့ဆိုရင် ဒီဆံပင်ပုံစံလေးတွေ လုပ်ကြည့်လို့ရတာပါပဲနော်။

ဒါကတော့ ဆံပင်ကိုတစ်ဝက်စည်းပြီး ထိပ်မှာ ဆံထုံးထုံးထားတဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးပါ။ ဆံပင်အတိုလေးတွေနဲ့ အရမ်းလိုက်တဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။

ဆံပင်ကို အားလုံးစုစည်းပြီး ဆံထုံးထုံးလိုက်ပါ။ ဆံစလေးတွေကို နည်းနည်းစီချထားပါ။ မျက်မှန်တပ်တဲ့ကောင်မလေးတွေက ဒီလိုဆံပင်ပြင်ဆင်ပုံလေးနဲ့ဆို အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် ထိပ်ကနေစယူပြီး ကျစ်ဆံမြီးကျစ်ထားတာပါ။ မျက်နှာရှင်းရှင်းလေးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ မျက်မှန်တပ်တဲ့ကောင်မလေးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။

ဒီဆံပင်ပုံစံလေးကျတော့ စည်းပြီးမှ ပြန်ခေါက်လိုက်တာမျိုးပါ။ အရှေ့ဆံပင်ကိုတော့ လိပ်စက်နဲ့ နည်းနည်းလောက်လိပ်ပြီး ချထားတာပါ။ ကပိုကယိုပုံစံလေးဖြစ်စေလို့ ချစ်ဖို့ကောင်းပါတယ်။ မျက်မှန်တပ်တဲ့ ကောင်မလေးတွေနဲ့လည်း လိုက်ပါတယ်။

ဒီဆံပင်ပုံစံလေးကျတော့ ကိုယ့်ရဲ့ဆံပင်အတိုလေးကိုပဲ သေချာပုံသွင်းထားပါ။ ဘေးကိုတော့ တော်တော်ယူပြီးခွဲထားတာမို့ မိုက်လည်းမိုက်၊ ချစ်ဖို့လည်းကောင်းပါတယ်။ ဆံပင်အတိုလည်းဖြစ်တယ်၊ မျက်မှန်လည်းတပ်ရတယ်ဆိုရင် ဒီဆံပင်ပုံစံလေး အမြဲတမ်းသာလုပ်ပါ။

source:www.stellacini