အခုခေတ်လူတော်တော်များများကြုံနေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ဆံပင်ကျွတ်ပါပဲ။ စိတ်ဖိစီးလို့ ၊ ဆေးသောက်ရလို့ ၊ မျိုးရိုးဗီဇကြောင့်စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကျွတ်တာက ကြာလာရင် ဆံပင်ပါးလာတာ ၊ ကွက်လာတာ ၊ ထိပ်ပြောင်တာမျိုးတွေအထိပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဆံပင်ကျွတ်တာကို ထိန်းဖို့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။ ဒီ နည်းတွေက လုံးဝသဘာဝကျပြီး လုပ်ရတာလည်း ရိုးရှင်းပါတယ်။

ထောပတ်သီး

ထောပတ်သီးက Fatty Acids နဲ့ Vitamin-E လို Antioxidants တွေအများကြီးပါတာမလို့ ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ချေထားတဲ့ထောပတ်သီးထဲ သံလွင်ဆီ ၃ ဇွန်းထည့်ပြီး ဦးရေပြားကို လိမ်းပေးပါ။ ၂ မိနစ်လောက် နှိပ်ပေးပြီး ၄၅ မိနစ် လောက်ကြာမှ ရေနဲ့ဆေးချပါ။

ကြက်ဥ

ဆံပင်ပျက်စီးမှုကို ပိုပြီးခံနိုင်ရည်ရှိစေဖို့ ကြက်ဥကို ခေတ်အဆက်ဆက်ကတည်းက အသုံးပြုလာခဲ့ပါတယ်။ ကြက်ဥ ၁ လုံး ၊ ဒိန်ချဉ် ၂ ဇွန်း နဲ့ အုန်းဆီ ၂ ဇွန်း တို့ကိုရောပြီး ဦးရေပြားပေါ် လိမ်းပြီး 5 မိနစ်လောက်နှိပ်ပေးပါ ။ မိနစ် 30 လောက်ထားပြီးမှ အပျော့စား ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်နဲ့‌ ခေါင်းလျှော်ပေးတာက ဦးရေပြားရဲ့ ပုံမှန် pH အဆင့်ကို ပြန်လည်ရရှိစေပြီး အက်ဆစ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဆံပင်ကို ခေါင်းလျှော်ရည်နဲ့လျှော်ပြီးရင် ပန်းသီးရှာလကာရည် 1/4 ခွက်ကို ရေ 1 ခွက်နဲ့ ရောပြီး လျှော်ပေးပါ။

ခေါင်ရမ်းပန်း

ခေါင်ရမ်းပန်းတွေမှာ အမိုင်နိုအက်ဆစ်၊ ဗီတာမင် C နဲ့ Antioxidants အများကြီးပါတာမလို့ ဆံပင်ပေါက်နှုန်းကို မြန်စေပြီး ဗောက်ထတာ၊ ဆံပင်ကျွတ်တာ ၊ ခြောက်တာ နဲ့ အဖျားနှစ်ခွမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ခေါင်ရမ်းပန်းမှုန့်နဲ့ အုန်းဆီ ၂ ဇွန်းတို့ကို ရောပြီး ဦးရေပြားပေါ် လိမ်းပြီး 5 မိနစ်လောက်နှိပ်ပေးပါ ။ မိနစ် 30 လောက်ထားပြီးမှ အပျော့စား ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။

မကျည်းသီးခြောက်မှုန့်

မကျည်းသီးခြောက်မှုန့်မှာက Antioxidants နဲ့ vitamin A, C, E ကြွယ်ဝတာမလို့ ဦးရေပြားရဲ့ ကော်လဂျင်တွေကို အားကောင်းစေပါတယ်။ မကျည်းသီးခြောက်မှုန့် ၁ ဇွန်း ၊ ဇီးဖြူသီးမှုန့် ၁ ဇွန်း ၊ သံပုရာနဲ့ ဒိန်ချဉ်တို့ကို သမအောင် ရောပေးပါ။ ဦးရေပြားမှာ လိမ်းပြီး 45 မိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။