ပုံမှန်ဆိုရင်တော့ hair oil က မဖြစ်မနေသုံးသင့်တဲ့အရာပါ။ ခြောက်သွေ့တဲ့ဆံသားအတွက်ဆိုရင် ပိုတောင်လိုအပ်ပါသေးတယ်။ ဆံသားခြောက်သွေ့နေတဲ့အချိန် hair oil လည်းမသုံးဘူးဆိုရင် ဆံပင်တွေဖွာလန်ကြဲပြီး ခြောက်သွေ့တာ၊ ရှုပ်ထွေးတာတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ခြောက်သွေ့တဲ့ဆံသားအတွက် အကောင်းဆုံးဖြစ်မယ့် hair oil 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Moroccanoil, Treatment Hair Oil

Argan oil နဲ့ linseed extract အဓိကပါဝင်ပြီး ခြောက်သွေ့တဲ့ဆံသားနဲ့ အုံထူတဲ့ဆံသားအတွက် အထူးသင့်တော်ပါတယ်။ ဆံသားကို hydrate ဓာတ် အပြည့်အဝပေးနိုင်ပြီး ဆံသားခြောက်သွေ့တာတွေလည်း သက်သာစေကာ ဆံသားပျက်စီးတာလည်း သက်သာစေပါတယ်။ ဆံသားနူးညံ့ချောမွေ့ပြီး တောက်ပြောင်စေပါတယ်။

Verb, Ghost Oil

Moringa oil အဓိကပါဝင်လို့ ဆံသားခြောက်သွေ့ပြီး ဖွာနေတာတွေအတွက် အရမ်းကောင်းပါတယ်။ လိမ်းရတာလည်း lightweight ဖြစ်ပြီး စေးကပ်တာမျိုး လုံးဝမဖြစ်ပါဘူး။ လိမ်းလိုက်ရင် ဆံသားချောမွေ့တောက်ပြောင်စေပြီး ဆံသားအတွက်လိုအပ်တဲ့ hydrate ဓာတ်ကိုလည်း ရရှိစေပါတယ်။ အနံ့ကလည်း grapefruit အနံ့လေးမို့ မိန်းကလေးတိုင်း သဘောကျမှာပါ။

K18, Biomimetic Hairscience Molecular Repair Hair Oil

K18peptide, hemisqualane, squalane, avocado oil, sunflower oil တို့ပါဝင်ပြီး ခြောက်သွေ့တဲ့ဆံသားနဲ့ ဆံပင်ဆိုးထားပြီး ပျက်စီးနေတဲ့ဆံသားအတွက် အထူးသင့်တော်ပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ hydrate ဓာတ်ကို ရရှိစေပြီး ဆံသားဖြောင့်ဆင်းကာ နူးညံ့စေပါတယ်။ ဆံသားလည်း တောက်ပြောင်စေပါတယ်။ အပူချောင်းတွေဖြစ်တဲ့ ဖြောင့်စက်၊ ကောက်စက်တွေသုံးခါနီးရင် ဒီ hair oil ကို အရင်လိမ်းလိုက်ပါ။ ဒါဆိုရင် အပူဒဏ်ကြောင့် ဆံသားပျက်စီးမှုနှုန်းကို လျော့နည်းစေပါတယ်။

PATTERN by Tracee Ellis Ross, Jojoba Hair & Scalp Oil Blend

Jojoba oil, lavender oil, safflower oil တို့အဓိကပါဝင်ပြီး ခြောက်သွေ့တဲ့ဆံသားနဲ့ ကောက်ထားတဲ့ဆံသားအတွက် အထူးသင့်တော်ပါတယ်။ လိမ်းရတာလည်း lightweight ဖြစ်ပြီး ဦးရေပြားကို massage လုပ်နှိပ်နယ်ပြီးလိမ်းပေးရင် ဦးရေပြားယားယံတာတွေလည်း သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ hydrate ဓာတ်ကို ရရှိစေပြီး ဆံသားချောမွေ့စေပါတယ်။

Kérastase, Elixir Ultime Hydrating Hair Oil Serum

ခြောက်သွေ့တဲ့ဆံသားအတွက်တင်မဟုတ်ပဲ hair type အားလုံးအတွက် သင့်တော်ပါတယ်။ Marula oil, argan oil, camellia oil တို့အဓိကပါဝင်ပြီး ဆံသားကို hydrating ဖြည့်ပေးပါတယ်။ ဆံသားလည်းနူးညံ့ချောမွေ့ပြီး တောက်ပြောင်စေပါတယ်။ ဆံသားကျိုးကြေတာ၊ ပျက်စီးတာတွေလည်း သက်သာစေပါတယ်။