မင်္ဂလာပါ… ပျိုမဒီတို့ရေ… လှပြီးကျန်းမာတဲ့ဆံပင်ဆိုတာ လူတစ်ဦးချင်းစီအတွက် ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်နဲ့ မိမိကိုယ်ကိုယုံကြည်မှုအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဆံပင်က အသက်၊ ကျား၊ မ၊ မျိုးရိုးဗီဇ၊ အစားအသောက်၊ ကျန်းမာရေးအခြေအနေနဲ့ တခြားအချက်တွေပေါ်မူတည်ပြီး တစ်လကို စင်တီမီတာဝက်ခန့် ကနေ တစ်နှစ်ကို 15 စင်တီမီတာခန့် ရှည်လာပါတယ်။

ရှည်ပြီး တောက်ပြောင်နေတဲ့ ဆံပင်ကိုလိုချင်ပေမယ့် ဘာပဲလုပ်လုပ် ဆံပင်အရှည်က မျှော်မှန်းထားသလောက်ဖြစ်မလာလို့ စိတ်ညစ်နေရင် ဒီနည်းလေးတွေကို စမ်းကြည့်ပါ။

Scalp Massage

နှိပ်ပေးတာက ဦးရေပြားဆီ သွေးစီးဆင်းမှုကို တိုးစေပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ကို ပိုမိုထောက်ပံ့ပေးပါတာကြောင့် ဆံပင်ကြီးထွားမှုကို ထိခိုက်စေနိုင်တဲ့ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Promote Hair Growth Products

ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးကို ကောင်းမွန်စေပြီး ဆံပင်ကြီးထွားမှုကို မြှင့်တင်ပေးနိုင်တဲ့ Biotin၊ Panthenol၊ Keratin၊ Arginine တို့ပါဝင်တဲ့ အရည်အသွေးမြင့်ပစ္စည်းများကို သုံးပေးပါ။

Hair Mask နဲ့ Conditioner

ဆံသားကို သန်မာစေကာ ကွဲအက်ခြင်းကနေ ကာကွယ်ပြီး ဆံပင်ရဲ့ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်ဖို့ Hair Mask နဲ့ Conditioner ကို မဖြစ်မနေသုံးပေးပါ။

Hairstyling Tools

Hair Dryers, Flat Irons ၊ Curling Irons စတာတွေက ဆံပင်ကို ပျက်စီးစေပြီး ကြီးထွားမှုကို နှေးကွေးစေပါတယ်။ ဆံပင်ပျက်စီးမှုကို လျှော့ချနိုင်ဖို့ ဒီ Tools တွေကို လျှော့သုံးပေးပါ။

Healthy lifestyle

ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ လုံလောက်စွာ ပါဝင်တဲ့အစားအစာတွေက ဆံသားကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းက ဦးရေပြားဆီ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။