မင်္ဂလာပါနော်။ ကြမ်းပြီးဖွာလာတဲ့ဆံသားကြောင့် စိတ်ရှုပ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ကိုယ်တိုင်က ဆံသားအတွက် လုံလောက်တဲ့ထိန်းသိမ်းမှုတွေ လုပ်နေမိလားဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုလာပါပြီ။ ဆိုးဆေးနဲ့မထိထားတဲ့ သဘာဝဆံသားကို ပိုင်ဆိုင်ထားတဲ့သူတွေမှာလည်း ဆံပင်အတွက် ပုံမှန်ထိန်းသိမ်းမှုက လိုတာမို့ ဆံသားကြမ်းပြီး Dry Hair အမျိုးအစားရှိတဲ့သူတွေမှာဆို ပိုလုပ်ပေးရပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဆံလုံးကြမ်းပြီး ဖွာတဲ့သူတွေ ပုံမှန်သုံးသင့်တဲ့ Hair Care ပစ္စည်းတွေကို ဖော်ပြပေးသွားမှာပါ။ သင်ကိုယ်တိုင်လည်း ဒီလိုဆံသားမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင် သုံးဖို့မမေ့ပါနဲ့နော်။

Hair Mask


သင်က ဆံသားကြမ်းတတ်တဲ့သူဆိုရင် Hair Mask တွေ ပုံမှန်သုံးပေးတာက အကောင်းဆုံးပါပဲ။ ဆံသားအတွင်းပိုင်းအထိ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ သဘာ၀ Hair Mask တွေကို တစ်ပတ်တစ်ခါ ခေါင်းလျှော်တဲ့အခါတိုင်း ပုံမှန်သုံးပေးပါ။ Hair Mask လိမ်ထားတဲ့အခါ ဆံသားအတွင်းပိုင်းအထိ အစိုဓာတ်စိမ့်ဝင်ဖို့ ၁၅ မိနစ်မှ မိနစ် ၂၀ ကြားထားပေးဖို့လိုပါမယ်။

မှန်ကန်တဲ့ Shampoo


ခေါင်းလျှော်တဲ့အခါ Shampoo ကို ဖြစ်သလိုမသုံးမိအောင်သတိထားပေးပါနော်။ ကိုယ့်ဆံသားအမျိုးအစားနဲ့ ကိုက်ညီပြီး Chemical နည်းနည်းနဲ့ အစိုဓာတ်သေချာဖြည့်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးဖြစ်ဖို့လိုပါတယ်။ လျှော်ပြီးတာနဲ့ ဆံသားအဆီတွေ လျော့သွားစေတဲ့ ချေးချွတ်အာနိသင်များတာမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်နော်။ ဆံပင်အတွက် ခေါင်းလျှော်ရည်က အရေးကြီးဆုံးမို့ ခေါင်းလျှော်ရည်ကောင်းကောင်းတစ်ခုအတွက် ငွေကြေးရင်းနှီးလိုက်တာက မမှားပါဘူး။

Conditioner


များသောအားဖြင့် ဆံသားကို ဆေးနဲ့ထိထားတဲ့သူတွေက ဒီတိုင်းထားလေ ပိုပျက်စီးလေဖြစ်တတ်တာမို့ Conditioner ပုံမှန်သုံးပေးပြီး ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။ Hair Mask လိုပဲ သူက ဆံသားအစိုဓာတ်ကို အဓိကအားဖြည့်ပေးနိုင်တာမို့ ခေါင်းလျှော်တဲ့အခါတိုင်း Conditioner ပုံမှန်သုံးပေးပါ။ စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ် နှိပ်နယ်ကာ လိမ်းထားပေးပါ။ ပြီးရင်တော့ ရေအေးအေးနဲ့ Conditioner တွေအကုန်စင်သွားအောင် ဆေးချပေးရပါမယ်။

Serum


ဆံပင်ကြမ်းပြီး ဖွာနေတယ်ဆိုရင် Hair Serum ကိုပါထည့်သုံးဖို့ အကြံပေးချင်ပါတယ်နော်။ Serum တွေမှာ ဆံသားကို အစိုဓာတ်နဲ့ အားဖြည့်ပေးတဲ့ ဗီတာမင်နဲ့ အဆီဓာတ်တွေပါဝင်တာမို့ ဆံပင်ဖွာတာကို လိမ်းလိုက်တာနဲ့ ချက်ချင်းနီးပါး သက်သာစေပါတယ်။ အပူနဲ့ထိပြီး ပျက်စီးနေတဲ့ဆံသားကိုလည်း သက်သာစေမှာဖြစ်လို့ Serum ကောင်းကောင်းလေးတစ်ဗူးဆောင်ထားတာ မမှားပါဘူး။

Hair Oil


ခေါင်းလျှော်ပြီးခဏနဲ့ ဆံပင်ကကြမ်းလာတာမျိုးမဖြစ်ရအောင် ဆီလိမ်းပေးထားဖို့ လိုပါတယ်နော်။ Jojoba၊ Argan၊ သံလွင်ဆီ၊ အုန်းဆီစတဲ့ သဘာ၀ Hair Oil တွေကို ခေါင်းလျှော်ပြီးအချိန်တွေမှာ ဆံကြောင်းထဲထိ စိမ့်ဝင်ပြီး ဆံသားလေးနူးညံ့နေအောင် ပုံမှန်လိမ်းထားပေးပါ။ ခေါင်းမလျှော်ခင် မိနစ် ၃၀ လောက်အလို ပေါင်းတင်သလို လိမ်းထားပြီး လျှော်ချလိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar