မိန်းကလေးတွေအတွက် tank top ကို တစ်မျိုးထဲမဝတ်ပဲ ဖက်ရှင်ဒီဇိုင်း ၅ မျိုးအဖြစ်နဲ့ ပြောင်းလဲဝတ်ဆင်နိုင်မယ့် hacks တွေကို မျှဝေပေးလိုက်ပါတယ်။ Tank top တစ်ထည်ကို ဒီဇိုင်း ၂ မျိုး၊ ၃ မျိုး ပြောင်းဝတ်လို့ရရင်ပဲ တော်တော်အဆင်ပြေနေပါပြီ။ ဒါကြောင့် ဒီ post က မိန်းကလေးတွေအတွက် အများကြီး အသုံးဝင်မှာပါ။

ကိုယ့်မှာရှိတဲ့ tank top က ခါးအရှည်ဖြစ်နေတယ်ဆိုရင် ခါးတိုအဖြစ်နဲ့ ပြောင်းဝတ်လို့ရပါတယ်။ ဒီတိုင်းခေါက်ဝတ်မယ်ဆိုရင် မသေသပ်တဲ့အတွက် ကြည့်ရဆိုးစေပါတယ်။

ဒါကြောင့် ပုံမှာပြထားတဲ့အတိုင်း အောက်ကနေ ပြောင်းပြန်စွတ်၊ ပြီးမှ bra ဝတ်၊ ပြီးမှ အပေါ်ကိုဆွဲတင်ပြီး လက်ထည့်ဝတ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ဖက်ရှင်ဒီဇိုင်းတစ်မျိုး ပြောင်းလဲသွားပါပြီ။

ဆွဲသား tank top ကို sexy ကျကျပုံစံလေး ပြောင်းဝတ်ချင်တယ်၊ hot တဲ့ဒီဇိုင်းလေး ပြောင်းဝတ်ချင်တယ်ဆိုရင် ပုံမှာအဆင့်ဆင့်ပြထားတဲ့အတိုင်းလေး အပေါ်ကအစကို အတွင်းအောက်ထဲထည့်ပါ။

ပြီးရင် လိမ်ပြီး လက်ထည့်ရမယ့်အပေါက်ကို အပေါ်ပြန်ဆွဲတင်၊ ပြီးရင် လက်ထည့်လိုက်ပါ။

ဒါဆိုရင် အရမ်းလှတဲ့ tank top ဒီဇိုင်း နောက်တစ်မျိုးကို ရရှိသွားပြီပေါ့။

ရိုးရိုးကြိုးတစ်လုံး tank top ဒီဇိုင်းအများကြီး ပြောင်းလဲဝတ်ဆင်လို့ ရပါတယ်။ ဒါပေမယ့် လုပ်ရတာလွယ်ကူတဲ့ ဖက်ရှင်ဒီဇိုင်း ၃ မျိုးကိုပဲ မျှဝေပေးလိုက်ပါတယ်။

ပထမဖက်ရှင်ဒီဇိုင်းကိုတော့ အခုအရမ်းခေတ်ထားနေတဲ့ one shoulder tank top ပုံစံလေး ပြောင်းဝတ်မှာပါ။ အရမ်းလွယ်ပါတယ်။ တစ်ဖက်ကကြိုးကို ပုံမှာပြထားတဲ့အတိုင်း ခေါင်းတစ်ဖက်ကို ပို့လိုက်ရုံပါပဲ။

ဒုတိယဖက်ရှင်ဒီဇိုင်းကို ပြောင်းဝတ်ဖို့အတွက်လည်း အခုခေတ်စားနေတဲ့ hot tank top ပုံစံလေး ပြောင်းဝတ်ပါမယ်။ ဒါလည်း အရမ်းလွယ်ပါတယ်။ ခုနကလိုပဲ ဘယ်ဘက်ကကြိုးကို ညာပို့၊ ညာဘက်ကကြိုးကို ဘယ်ပို့လိုက်ရုံပါပဲ။ ဒါဆိုရင် ကြိုးအယှက်ပုံလေး ဖြစ်သွားမှာပါ။

နောက်ဆုံးဖက်ရှင်ဒီဇိုင်းကိုတော့ ရင်ပြတ်ပုံစံလေး ပြောင်းဝတ်ပါမယ်။ ရင်ပြတ် top လေးတွေမရှိလည်း ကြိုးတစ်လုံး tank top လေးရှိရင် အိုခေနေပါပြီ။ လုပ်ရမှာကလည်း အရမ်းလွယ်ပါတယ်။ ကြိုးတွေကို အတွင်းထဲ သပ်သပ်ရပ်ရပ်လေးထည့်ရုံပါပဲ။ ပြီးရင်တော့ ကြိုးပြန်ထွက်လာမှာစိုးရင် ချိတ်လေးတွေနဲ့သာ တွယ်ထားပေးပါ။ ဒီလောက်ဆို တော်တော်အဆင်ပြေပါတယ်။