ညဆိုရင် အိပ်မပျော်တာမျိုး၊ တော်ရုံနဲ့အိပ်မရတာမျိုးတွေ ဖြစ်တတ်တဲ့သူတွေအတွက် ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်သွားအောင်ကူညီပေးနိုင်မယ့် အလေ့အကျင့် ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ညနေ ၃ နာရီနောက်ပိုင်းမှာမအိပ်ပါနဲ့

ညနေ ၃ နာရီနောက်ပိုင်းမှာ အနားယူပြီး ခဏအိပ်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီအချိန်မှာအိပ်ရင် ညဘက်အိပ်ပျော်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

အိပ်ယာမဝင်ခင်မှာတစ်နေ့တာအကြောင်းချရေးပါ

ညအိပ်ယာမဝင်ခင်၊ အိပ်ခါနီးမှာ ကိုယ့်ရဲ့တစ်နေ့တာအကြောင်းအရာထဲက ပျော်ရွှင်စရာလေးတွေကိုပဲရွေးပြီး စာအုပ်မှာချရေးပေးတာမျိုးက စိတ်ကြည်နူးမှုဖြစ်စေပြီး Stress တွေ လျော့ကျသွားစေပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။

အိပ်ယာထဲရောက်ပြီဆိုရင် ၁၀ စက္ကန့်ထက်ပိုမတွေးပါနဲ့

အိပ်ယာထဲရောက်ပြီဆိုရင် အိပ်မပျော်ခင်မှာ ၁၀ စက္ကန့်ထက်ပိုမတွေးပါနဲ့။ တော်တေ်ာများများက အိပ်မပျော်ခင်မှာ အတွေးပေါင်းစုံလျှောက်တွေးနေတတ်ပါတယ်။ ဒီလိုတွေးနေရင် တော်ရုံနဲ့အိပ်ပျော်မှာမဟုတ်ပါဘူး။

ဝမ်းဗိုက်နဲ့အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးပါ

အိပ်ခါနီးမှာ မျက်စိကိုမှိတ်ပြီး ဝမ်းဗိုက်နဲ့ အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးခြင်းက မြန်မြန်အိပ်ပျော်စေဖို့ ကူညီပေးနိုင်ပါတယ်။

ခြေထောက်ကြွက်သားလေ့ကျင့်ခန်းလုပ်ပေးပါ

အိပ်ယာပေါ်မှာ ခြေထောက်တွေလက်တွေကို ဆန့်ထုတ်ပြီးလှဲနေလိုက်ပါ။ မျက်စိကိုမှိတ်ထားပြီး ခြေချောင်းနဲ့ ခြေဖမိုးကို ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုကော့လိုက်၊ နောက်ကိုလှန်လိုက်နဲ့ ကြွက်သားလေ့ကျင့်ခန်း လုပ်ပေးရပါမယ်။

Source: www.brightside.me