တစ်ခါတစ်လေကျရင် ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ဖျက်ဆီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း လုပ်မိနေတာတွေရှိနေရင် ပြင်ဆင်လို့ရအောင် ကိုယ့်ရည်မှန်းချက် အိမ်မက်တွေကို ကိုယ်တိုင်ဖျက်ဆီးပစ်နေတဲ့ အလေ့အကျင့် ၅ ခုကို ပြောပြပေးလိုက်ပါတယ်။
ပျင်းရိခြင်း
ကိုယ့်ရည်မှန်းချက်အိမ်မက်တွေကို ဖျက်ဆီးပစ်မယ့် အဆိုးဆုံး အလေ့အကျင့်တစ်ခုကတော့ ပျင်းရိနေတာပါပဲ။ ဘယ်လောက်ပဲ အိမ်မက်တွေရှိနေပါစေ ပျင်းနေရင်တော့ စိတ်ပဲရှိပြီး တကယ့်လက်တွေ့မှာတော့ ဘာမှဖြစ်မြောက်မှာ မဟုတ်ပါဘူး။
အချိန်ဆွဲခြင်း
တစ်ခုခုဆို ချက်ချင်းမလုပ်ပဲ အချိန်ဆွဲနေရင် သူများထက်နောက်ကျပြီး အခွင့်အရေးတွေလည်း ဆုံးရှုံးသွားပါလိမ့်မယ်။ ကိုယ့်အိမ်မက်တွေကို ကိုယ့်ရည်မှန်းချက် အိမ်မက်တွေကို အကောင်အထည်ဖော်နေတဲ့အချိန်၊ ကြိုးစားနေတဲ့အချိန်မှာ အမြဲတမ်း အချိန်ဆွဲနေရင်တော့ ဖြစ်မြှောက်ဖို့က အလှမ်းဝေးနေပါလိမ့်မယ်။
ဆင်ခြင်များခြင်း
တစ်ခုခုဆိုရင် လုပ်ဖို့အရေးကို အရမ်းဆင်ခြင်များနေတဲ့သူတွေက အိမ်မက်တွေကို မြန်မြန်ဆန်ဆန် ဖြစ်မြောက်အောင် အကောင်အထည်မဖော်နိုင်တာ များပါတယ်။ ဖြစ်ချင်တဲ့စိတ်ပဲရှိပြီး ကြိုးစားအားထုတ်မှုမရှိပဲ တစ်ခုခုဆို ဆင်ခြင်တွေပေးနေတာက အဆိုးဆုံးပါပဲ။
အဆုံးထိမလုပ်ခြင်း
ကိုယ့်မှာ ရည်မှန်းချက်အိမ်မက်တွေ ရှိတယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဖြစ်မြောက်အောင် လုပ်ရပါမယ်။ ဒါမှလည်း အောင်မြင်မှုကို ရရှိမှာပါ။ အဲ့လိုမဟုတ်ပဲ တစ်ခုခုဆို လွယ်လွယ်နဲ့ လက်လျှော့တာ၊ အဆုံးထိမလုပ်ပဲ လက်လျှော့လိုက်မယ်ဆိုရင်တော့ တော်ရုံနဲ့ ပန်းတိုင်ဆီရောက်မှာ မဟုတ်ပါဘူး။
မကောင်းတဲ့အတွေးတွေများနေခြင်း
တစ်ခုခုဆိုရင် အကောင်းဘက်ကိုမတွေးပဲ မကောင်းတဲ့ဘက်ကို အရင်တွေးတာ၊ စိုးရိမ်စိတ်များနေတာတွေက ကိုယ့်ရဲ့ရှေ့ဆက်ရမယ့်လမ်းကို အဟန့်အတားဖြစ်စေပါတယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် မကောင်းတဲ့အတွေးတွေ သိပ်မများပါနဲ့။ အရာရာကို အကောင်းဘက်က ပြောင်းတွေးကြည့်ပါ။