အားလုံးပဲ မင်္ဂလာပါ၊ မိမိက အမှတ်တမဲ့နဲ့ ပြုလုပ်မိတဲ့အပြုအမူတစ်ချို့က မိမိကျန်းမာရေးကို ထိခိုက်နိုင်တာကြောင့် အမြော်အမြင်ကြီးစွာရှောင်ကြဉ်နိုင်ဖို့အတွက် စာဖတ်သူများအားလုံးအတွက် ဝေမျှပေးလိုက်ရပါတယ်။

ခြေထောက်ချိတ်ထိုင်ခြင်း

ခြေထောက်ချိတ်ခြင်းက လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပထမဦးဆုံးပြောကြားခဲ့တဲ့သူကတော့ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီက ဝန်ထမ်းတစ်ဦးပဲဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပြောကြားခဲ့တာပါ။ ဒီလိုခြေထောက်ချိတ်ထိုင်တဲ့အခါ အာရုံကြောဝေဒနာများ၊ သွေးတိုးရောဂါနဲ့ ခြေထောက်အကြောများဆိုင်းပြီး ခြေထောက်နာကျင်ခြင်းများ ခံစားရနိုင်ပါတယ်။

အရည်အသွေးမကောင်းသော နေကာမျက်မှန်တပ်ခြင်း

ပိုက်ဆံနှမြောတဲ့အခါပဲဖြစ်ဖြစ်၊ ပိုက်ဆံစုချင်တဲ့အခါပဲဖြစ်ဖြစ် ဈေးသက်သာတဲ့ နေကာမျက်မှန်ပဲ ဝယ်မိကြပါလိမ့်မယ်။ မျက်မှန်ထုတ်လုပ်သူများကလည်း ဈေးပေါတဲ့နေကာမျက်မှန်ဆို သင့်မျက်လုံးကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ မကာကွယ်ပေးနိုင်တဲ့ အရည်အသွေးနိမ့်ပလပ်စတစ်အသုံးပြုပြီးပဲ ထုတ်လုပ်ပါလိမ့်မယ်။ အဲ့ဒီမျက်မှန်တွေ ဝတ်ဆင်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို နှစ်ဆခံစားရပြီး မျက်စိသူငယ်အိမ်ကို ထိခိုက်တော့တာပေါ့။ နေကာမျက်မှန်မဝတ်တာထက် ပိုဆိုးရွားသွားပါလိမ့်မယ်။ ကြာလာတဲ့အခါ မျက်စိထိခိုက်ပြီး မျက်စိအတွင်းတိမ်ဝေဒနာခံစားရခြင်း၊ မျက်စိကင်ဆာခံစားရခြင်းတို့ ခံစားရနိုင်ပါတယ်။

ရေနွေးအိတ်ကပ်ခြင်း

နာကျင်ခံစားရတာတွေ သက်သာဖု့ိအတွက် ရေနွေးအိပ်ကပ်တဲ့အခါ သွေးထွက်ခြင်း၊ ဝမ်းဗိုက်ရောင်ခြင်း၊ အူအတက်ရောင်ခြင်း စတဲ့ ဝေဒနာများကို ခံစားရနိုင်ပါတယ်။

အလုပ်စားပွဲမှာ အစား စားခြင်း

အလုပ်စားပွဲမှာ အစား စားခြင်းက လုံးဝမသင့်တော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်စားပွဲမှာ ဘက်တီးရီးယားပိုးမွှားပေါင်းမျိုးစုံ ခိုအောင်းနေလို့ပါပဲ။ ဒါ့အပြင် သင့်အစားအသောက်အနံ့က သင့်လုပ်ဖော်ကိုင်ဖက်တွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ သင်က အလုပ်လုပ်ရင်း အစား စားနေတာဆိုတော့ သင့်ဦးနှောက်က အလုပ်ထဲမှာပဲ အာရုံဝင်စားနေပြီး သင် အစား စားလို့ စားနေမှန်းတောင် သိမှာ မဟုတ်ပါဘူး။ အဲ့ဒီအခါ ခဏခဏ စားမိပြီး အဝလွန်ပြီး မကျန်းမမာဖြစ်လာပါလိမ့်မယ်။

ဘေးတစ်စောင်းအိပ်ခြင်း၊ မှောက်လျက်အိပ်ခြင်း

ဘေးတစ်စောင်းအိပ်တဲ့အခါ သင့်ရဲ့ဝမ်းဗိုက်က လွတ်လပ်စွာ မလှုပ်ရှားနိုင်တော့ဘဲ ကျောအောင့်ခြင်း၊ ခါးနာခြင်းနဲ့ အဆုတ်နဲ့ ပတ်သက်တဲ့ရောဂါတွေ ခံစားရနိုင်ပါတယ်။ မှောက်လျက်အိပ်တဲ့အခါ ဗိုက်ကို ဖိထားတာကြောင့် ကိုယ်တွင်းအစိတ်အပိုင်းများကို ဖိအားပေးနေတဲ့အခါ ပိုအန္တရာယ်များပါတယ်။ အာရုံကြောစနစ်ကို ထိခိုက်နိုင်ပြီး နှလုံးရောဂါကိုလည်း ခံစားရနိုင်ပါတယ်။ ပက်လက်အိပ်ခြင်းကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးပဲဖြစ်ပါတယ်။ စာဖတ်သူတွေကလည်း ကိုယ်သက်သောင့်သက်သာဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့အိပ်နေကြပေမယ့်လို့ မိမိရဲ့ကျန်းမာရေးအတွက် စဉ်းစားပြီး အလေ့အကျင့်ဖြစ်အောင် ပြန်ပြောင်းအိပ်သင့်ပါတယ်။

Source: Brightside.me