တချို့စုံတွဲတွေက အေးအတူ ပူအမျှ အတူတူ ရင်ဆိုင်ကြပြီး ကြည့်လိုက်တာနဲ့ စိတ်ချမ်းသာတဲ့ ခံစားချက်ကို ခံစားရစေပါတယ်။ သင်က လက်ရှိမှာ စုံတွဲရှိတယ်ဆိုရင် ပျော်ရွှင်တဲ့ စုံတွဲတွေရဲ့ အလေ့အကျင့်တွေအတိုင်း ပြုမူနေထိုင်သင့်ပါတယ်။ ပျော်ရွှင်တဲ့ အတွဲတစ်တွဲ ဖြစ်ဖို့ အတင်းလုပ်ယူစရာမလိုပါဘူး။ သူ့ကို နားလည်ပေးတာ၊ ယုံကြည်ပေးတာ၊ တကယ် မေတ္တာအစစ်နဲ့ ချစ်ပေးတာစတဲ့ အချက်ကလေးတွေက အဓိက လိုတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အောင်မြင်ပျော်ရွှင်တဲ့ စုံတွဲတွေမှာတော့ ဒီအချက်တွေကို အတွေ့ရများပါတယ်။

၁။ အတူတူ အနိုင်ယူတယ်

ပျော်ရွှင်တဲ့ စုံတွဲတွေက တစ်ယောက် အောင်မြင်ရင် တစ်ယောက်က ဝမ်းသာပေးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သူသာလို့ ကိုယ်သာလို့ ဆိုတဲ့ မနာတိုဝန်တို စိတ်တွေ မရှိပါဘူး။ ဘယ်ကိစ္စပဲ ဖြစ်ဖြစ် အတူတူလက်တွဲပြီး ရင်ဆိုင်အနိုင်ယူတတ်ကြပါတယ်။

၂။ တစ်ယောက်အပေါ် တစ်ယောက် အားပေးတယ်

ပျော်ရွှင်မှုကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေက အချင်းချင်း အားပေးတတ်ကြပါတယ်။ တစ်ယောက်ယောက် ကျရှုံးသွားတဲ့အချိန် ကျန်တဲ့ တစ်ယောက်က စွန့်ခွာသွားခြင်း မရှိဘဲ အနားမှာ နေပြီး အားပေးတတ်ပါတယ်။

၃။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတယ်

အောင်မြင်ပျော်ရွှင်တဲ့ စုံတွဲတွေက တစ်ယောက်အတွက် တစ်ယောက်ရှိတာကြောင့် ဒါကို ကျေးဇူးတင်တတ်ကြပါတယ်။ အချင်းချင်း လေးစားတန်ဖိုးထားတတ်ပြီး ချစ်သွားတတ်ကြပါတယ်။

၄။ ဟာသဉာဏ်ရှိတယ်

ပျော်ပျော်နေတတ်တဲ့ စုံတွဲတွေက ဟာသဉာဏ်ရွှင်တတ်ကြပါတယ်။ တစ်ယောက် ပျော်ဖို့ ကျန်တစ်ယောက်က စဉ်းစားပေးတတ်ပြီး ဟာသတွေ ပြောတတ်ပါတယ်။ နှစ်ယောက်အတူရှိရင် အမြဲ ရယ်နေရတတ်ပါတယ်။

၅။ ဖြည့်ဘက်

နတ်ဖက်တဲ့ စုံတွဲတွေက တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းပေးပါတယ်။ အားနည်းချက်တွေကို အချင်းချင်း နားလည်ပေးပြီး တစ်ယောက်အတွက် တစ်ယောက်က ခွန်အားဖြစ်တတ်ပါတယ်။

သင်က ဒီလို ချစ်သူ တစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူ့ကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar