Gym သွားဖို့ အဆင်မပြေတဲ့အခါမျိုးတွေဆိုရင် Gym မှာ သွားဆော့သလိုပုံစံမျိုး အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ ဆော့လို့ရတဲ့ Exercise တွေလည်း အများကြီးရှိပါတယ်။ အဲ့ထဲကမှ အိမ်မှာ အလွယ်တကူရှိနိုင်တဲ့ ပစ္စည်းတွေနဲ့ ဆော့လို့ရမယ့် Exercise (၅) မျိုးကိုပဲ ရွေးပြီး ဖော်ပြပေးလိုက်ပါတယ်။

Gym မှာလုပ်နေကျ ဒီ Exercise ကျတော့ အိမ်မှာလုပ်မယ်ဆိုရင် ခိုင်ခံ့ပြီး လေးတဲ့ ထိုင်ခုံနှစ်လုံးကို အသုံးပြုပြီး လုပ်လို့ရပါတယ်။ ထိုင်ခုံကတော့ တော်တော်လေးမှ ဝိတ်ရှိမှ ရပါမယ်။ မဟုတ်ရင် ပြုတ်ကျတာမျိုး၊ ထိုင်ခုံရွေ့တာမျိုး ဖြစ်နိုင်ပါတယ်။

Gym မှာ အလေးမနေကျ အိမ်မှာဆိုရင်တော့ အလေးမရှိတဲ့အတွက် ကျောပိုးအိတ်အကြီးထဲကို လေးလံတဲ့အရာတွေ၊ ဝိတ်များအောင်ထည့်ပြီး ကျောပိုးအိတ်ကိုသုံးကာ Exercise လုပ်နိုင်ပါတယ်။

Gym မှာ ခြေကန်ပြီးလုပ်တဲ့ Exercise ကို အိမ်မှာလုပ်မယ်ဆိုရင် စက်မရှိတဲ့အတွက် နံရံကို ခြေကန်ပြီး လုပ်လို့ရပါတယ်။

Gym မှာလုပ်တဲ့ ဒီ Exercise ကိုကျတော့ အိမ်မှာလုပ်မယ်ဆိုရင် လွယ်ပါတယ်။ ဆိုဖာရှိရင် ဆိုဖာ လက်တန်းကိုအမှီပြုပြီး လုပ်လို့ရပါတယ်။

Gym မှာကတော့ ပြေးတဲ့စက်နဲ့ ပြေးပါတယ်။ ပြေးတဲ့စက်မရှိရင်တော့ လှေကားပေါ်ကို ပြေးပြီးတက်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပေးလို့ရပါတယ်။ တူတူပါပဲ။

Source:www.brightside.me