အားလုံးပဲ မင်္ဂလာပါ။ လူတစ်ယောက်အနေနဲ့ အကျင့်တစ်ခုကို ကျင့်သားရဖို့အတွက် အနည်းဆုံး ၂၁ ရက်ကြာနိုင်တယ်လို့ ကြားဖူးနားဝရှိပါတယ်။ တချို့တွေကတော့ ကိုယ့်မှာရှိတဲ့ အလေ့အကျင့်တွေကို မကောင်းဘူးထင်လို့ ပြင်ဖို့ကြိုးစားနေကြတာလည်း ရှိပါသေးတယ်။

ဒါပေမယ့် ကိုယ်က ရွံစရာကောင်းတယ်လို့မြင်နေတာကြောင့် ပြင်ဖို့စဉ်းစားနေတဲ့ အလေ့အကျင့်အချို့တွေက ကျန်းမာရေးအတွက် ဘယ်လိုမျိုးကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ ရေနေ့တိုင်းမချိုးခြင်း

ရေနေ့တိုင်းချိုးခြင်းက အသားအရေနဲ့ ဆံကေသာကို အစိုဓာတ်ပြည့်ဝနေစေပြီး ကာကွယ်ပေးတဲ့ Essential Oils တွေကို ဆေးကြောလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ နောက်ပြီး ရေနွေးကလည်း အသားအရေ တင်းရင်းမှုရှိဖို့ လိုအပ်တဲ့ ဘက်တီးရီးယားတချို့ကို ပျက်စီးသွားစေနိုင်လို့ တစ်ခါတစ်လေကျရင် တစ်ပတ်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် ရေမချိုးဖြစ်ခြင်းက ကျန်းမာရေးအတွက်တောင် ကောင်းပါသေးတယ်။

၂။ တံတွေးထွေးခြင်း

လူအများကြားမှာ တံတွေးထွေးတာဟာ ရွံစရာကောင်းတဲ့ကိစ္စဆိုပေမယ့် လေ့ကျင့်ခန်းလုပ်ချိန်မှာ ထွေးခြင်းက အသက်ရှူရတာ ပိုမိုလွယ်ကူစေပါတယ်။ ပုံမှန်အားဖြင့် နှာခေါင်းကနေ အသက်ရှူတာဆိုပေမယ့်လည်း လေ့ကျင့်ခန်းလုပ်ချိန်မှာတော့ ပါးစပ်ကနေရှူတတ်သည့်အတွက် တံတွေးထုတ်လုပ်မှုများပြားလာကာ မထွေးဘဲအောင့်အည်းထားမယ်ဆိုရင် အသက်ရှူတာကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၃။ ပီကေဝါးခြင်း

ပီကေစားတာဟာ အာဟာရလုံးဝမဖြစ်စေပေမယ့် ပိုပြီးအာရုံစူးစိုက်နိုင်ကာ မှတ်ဉာဏ်အားလည်းကောင်းစေပြီး ဟော်မုန်းတွေကိုလည်း ညီမျှစေပါတယ်။

၄။ လေလည်ခြင်း

အစာခြေလမ်းကြောင်းဟာ အစာစားပြီးနောက် ၆ နာရီအကြာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့တွေကို ထုတ်လွှတ်ပြီး လေလည်ခြင်းအဖြစ် ခန္ဓာကိုယ်မှ ဖယ်ရှားပစ်ပါတယ်။ သို့သော်လည်း လေလည်ချင်တာကို အောင့်ထားလိုက်မယ်ဆိုရင်တော့ ဗိုက်အောင့်ခြင်း သို့မဟုတ် ဖောရောင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၅။ လေတက်ခြင်း

အစားစားပြီးနောက် လေတက်လိုက်ခြင်းဟာ စုဝေးနေတဲ့ လေတွေကိုဖယ်ထုတ်လိုက်တဲ့အတွက် အစာအိမ်အတွက် အထူးကောင်းမွန်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရှက်တာနဲ့ လေမတက်ဘဲ အောင့်ထားမယ်ဆိုရင်တော့ ရင်ဘတ်အောင့်တဲ့ဝေဒနာကို ခံစားလာရနိုင်ပါတယ်။

Source: BrightSide