နွေရာသီမှာဆိုရင် ဖုန်နဲ့အညစ်အကြေးတွေ၊ ချွေးတွေက ပုံမှန်ထက်ပိုဖြစ်တာကြောင့် ဦးရေပြားက ခဏလေးနဲ့ ဂျီးတက်တာ၊ ယားယံတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုနွေရာသီမှာ ဦးရေပြားယားယံတဲ့ပြဿနာကို ကြုံတွေ့နေရတဲ့သူတွေအတွက် ဖြေရှင်းပေးမယ့် နည်းလမ်းကောင်း ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Peppermint oil

Peppermint oil ကိုလိမ်းပေးခြင်းက ဦးရေပြားယားယံမှုတွေ သိသိသာသာ သက်သာပျောက်ကင်းစေပါတယ်။ Peppermint oil ကို သံလွင်ဆီ (သို့) ရေနဲ့ရောပြီး ခေါင်းမလျှောင်ခင် ဦးရေပြားကိုလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။ ခေါင်းလျှော်တိုင်းမှာ ဒီလိုလုပ်ပေးရင် ဦးရေပြားယားယံတာတွေ ပျောက်သွားပါလိမ့်မယ်။

Tea tree oil

Tea tree oil က ဦးရေပြားယားယံခြင်းကို သက်သာစေတဲ့ antimicrobial နဲ့ anti-inflammatory အတွက် မရှိမဖြစ်လိုအပ်တဲ့ oil တစ်မျိုး ဖြစ်ပါတယ်။ Gentle ဖြစ်တဲ့ ခေါင်းလျှော်ရည်ထဲကို tea tree oil ၁၅ စက်လောက်ထည့်ပြီး ခေါင်းလျှော်ပေးတာပဲဖြစ်ဖြစ်၊ tea tree oil ကို သံလွင်ဆီနဲ့ရောပြီး ဦးရေပြားကိုလိမ်းကာ နှိပ်နယ်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။

Apple cider vinegar

Apple cider vinegar က အလှအပအတွက်လည်း အရမ်းအသုံးဝင်တဲ့အရာ ဖြစ်ပါတယ်။ Apple cider vinegar ကို ရေနဲ့ဆတူရောပြီး ဦးရေပြားကို ပွတ်လိမ်းတာပဲဖြစ်ဖြစ်၊ ခေါင်းလျှော်သလို ခေါင်းကိုလောင်းချတာပဲဖြစ်ဖြစ် လုပ်ပြီးတော့ ခဏထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးရင် ဦးရေပြားယားယံတာ သက်သာစေပါတယ်။

Organic coconut oil

Organic ဖြစ်တဲ့ အုန်းဆီမှာက ဦးရေပြားယားယံတာနဲ့ antifungal, antibacterial properties တွေပါဝင်ပါတယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်မှာ ဦးရေပြားအနှံ့ ပွတ်လိမ်းပေးရင်လည်း ဦးရေပြားယားယံတာတွေ သက်သာစေပါတယ်။

Selenium sulfide

Selenium sulfide ပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးခြင်းက ဦးရေပြားယားယံတာနဲ့ ဦးရေပြားဗောက်ထတာတွေကို သိသိသာသာ သက်သာပျောက်ကင်းစေတာကြောင့် ယားယံတာက အရမ်းဆိုးတဲ့အခြေအနေဆိုရင် Selenium sulfide ပါတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးလို့ရပါတယ်။