အလှအပပိုင်းနဲ့ပတ်သတ်လာပြီဆိုရင်တော့ ဆံပင်ကို လျစ်လျူရှုထားလို့မရပါဘူး။ လူကဘယ်လောက်ပဲလှပတောက်ပြောင်နေပါစေ မွဲခြောက် ဖွာလန်နေတဲ့ဆံသားနဲ့ဆို ကြည့်ရသိပ်အဆင်မပြေပါဘူး။ ဆံသားကျန်းမာသန်စွမ်းဖို့ ဈေးကြီးကြီးပေးပြုပြင်စရာမလိုပါဘူး။ ယခုဖော်ပြမယ့် အချက် (၆) ချက်ကို နေ့စဉ်လိုက်နာပေးရင် အဆင်ပြေပါပြီ။

၁။ဆံပင်ခဏခဏမလျှော်ခြင်း။

သန့်ရှင်းလှပချင်တာက မိန်းကလေးတွေရဲ့ဆန္ဒပါ။ ဒါပေမယ့်ခေါင်းကို ခဏခဏလျှော်တာကတော့ ဆံသားအတွက်မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ခေါင်းတစ်ခါလျှော်တိုင်း ဦးရေပြားမှာရှိတဲ့သဘာဝအဆီကိုခမ်းခြောက်စေတာကြောင့် ဆံသားတွေကို ဖွာလန်ကြဲထွက်စေပါတယ်။ ၃ရက်တစ်ခါ (သို့) တစ်ပတ် (၁) ခါလောက်လည်းအဆင်ပြေပါသေးတယ်။

၂။ဆံပင်ကို အပူပေးခြင်း၊ ပုံသွင်းခြင်းများကိုရှောင်ကြည်ခြင်း။

ခေါင်းလျျှော်ပြီးတိုင်း လေပူပေးစက်နဲ့အခြောက်ခံတာ၊ အပူချောင်းတွေနဲ့ ဆံပင်ကောက်တာ၊ ဖြောင့်တာ စတာတွေက ဆံသားရဲ့ရန်သူပါ။ အဲ့ဒီ့လျှပ်စစ်ပစ္စည်းတွေအသုံးပြုတဲ့အခါ ဆံသားတွေရဲ့သဘာဝအဆီခမ်းခြောက်နိုင်တာကြောင့် ဆံသားဖွာခြောက်တာမျိုးဖြစ်လာနိုင်တဲ့အပြင် ဆံသားပျက်စီးတာမျိုးတောင်ဖြစ်လာနိုင်ပါတယ်။ လုံးဝမသုံးရဘူးလို့မဆိုသာပေမယ့် အတတ်နိုင်ဆုံးတော့ရှောင်ပေးပါ။ ခေါင်းလျျှော်ပြီးတဲ့အခါ သဘာဝအတိုင်းအခြောက်ခံတာမျိုးကအကောင်းဆုံးပါ။

၃။ပိုသားခေါင်းအုံးအစွပ် စွပ်ထားတဲ့ ခေါင်းအုံးနဲ့အိပ်ခြင်း။

များသောအားဖြင့် ချည်းသားစွပ်ထားတဲ့ ခေါင်းအုံးနဲ့အိပ်ကြပါတယ်။ တကယ်တော့ချည်သားဟာ ဦးရေပြားသဘာဝအဆီတွေကို စုပ်ယူနိုင်လို့ ထင်သလောက်မကောင်းတဲ့အပြင် ဆံပင်တွေကိုထုံးစေခြင်း၊ ရှုပ်ထွေးစေခြင်းတွေကိုဖြစ်စေပါတယ်။ ပိုးသားရဲ့ချောမွတ်တဲ့မျက်နှာပြင်ကြောင့် ဆံသားတွေ ထုံးချည်ခြင်းကိုမဖြစ်စေတဲ့အပြင် ဆံပင်ရဲ့သဘာဝအဆီတွေကိုမစုပ်ယူနိုင်တာကြောင့် ပိုးသားအစွပ်က ပိုသင့်တော်ပါတယ်။

၄။ဗီတာမင်သောက်သုံးပေးခြင်း။

Biotin နဲ့ ဗီတာမင် Bအုပ်စုတွေက ဆံသားကိုအကျိုးပြုတဲ့ အာဟာရဓာတ်တွေပါ။ ပုံမှန်နေ့စဉ်သောက်သုံးပေးရင်တော့ ဆံသားတွေကိုကျန်းမာစေမှာသေချာပါတယ်။ Biotin က အဆီအက်ဆစ်တွေကိုထုတ်လုပ်ပေးပြီး ဦးရေပြားကိုကျန်းမာစေပါတယ်။ Biotin ပါဝင်တဲ့ဗီတာမင်အားဆေးတွေကို ရှာမရဘူးဆိုရင်တော့ Biotion ကြွယ်ဝစာတွေဖြစ်တဲ့ နေကြာစေ့၊ မြေပဲ၊ အခွံမာသီးများ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေကို ဖြည့်တင်းစားသုံးပေးနိုင်ပါတယ်။

၅။ဆံပင်အဖျားပိုင်းကို မကြာခဏတိပေးခြင်း။

ဆံပင်ဖျားတွေကို (၂) လတစ်ခါ (၃)လတစ်ခါလောက်ပုံမှန်တိပေးခြင်းက ဆံဖျားနှစ်ခွဖြစ်ခြင်းကို သက်သာစေပြီး ဆံပင်အုံထူသန်စွမ်းလာစေပါတယ်။ အကယ်၍ ဆံပင်ရှည်ထားမယ်လို့ စိတ်ပိုင်းဖြတ်ထားရင်တော့ (၃)လတစ်ခါလောက်အနည်းဆုံးတိပေးပါ။

ဆံသားတွေကို ဒီ(၅)ချက်အတိုင်း နေ့စဉ်ပုံမှန် ဂရုစိုက်ပေးလိုက်တာနဲ့ မကြာခင်မှာပဲ လှပကျော့ရှင်းတဲ့ဆံကေသာကို ပိုင်ဆိုင်ကြရမှာပါ။