ကျွန်မတို့ရဲ့ နေ့စဉ်အမူအကျင့်၊ လုပ်ရိုးလုပ်စဉ်တွေက ကျွန်မတို့အပေါ် ထင်ထားတာထက်ကို လွှမ်းမိုးမှု ကြီးမားပါတယ်။ ဒါကြောင့် အမှုမဲ့ အမှတ်မဲ့ လုပ်မိနေတဲ့ အလေ့အကျင့်တွေကို အလေးထားသင့်ပါတယ်။ လေ့လာချက်တွေအရ လုပ်ရိုးလုပ်စဉ် အပြုအမူတွေက ကိုယ့်ကို ဖျက်ဆီးပစ်နိုင်ပါတယ်တဲ့။ ဒါကြောင့် ဘယ်အလေ့အကျင့်က ကိုယ့်အတွက် ရေရှည်မှာ ကောင်းလဲ၊ ဆိုးလဲ သိထားတာက မမှားပါဘူး။

၁။ စက်ဘီးစီးတာ

​စက်ဘီးစီးရင် ကျန်းမာရေးကောင်းကျိုးတွေ ရမှာမှန်ပေမယ့် လေ့လာချက်တွေအရ စက်ဘီးစီးတာက သန်မာတဲ့ အရိုးကို မဖြစ်စေဘဲ ဒီအရိုးတွေအတွက် အန္တရာယ်ပဲ ဖြစ်စေပါတယ်တဲ့။

သင်က ထိုင်ရင်း စက်ဘီးစီးတဲ့ အခါ ခန္ဓာကိုယ် ပေါ် ဘာအလေးမှ မရှိဘဲ လှုပ်ရှားမှု မမြောက်ပါဘူး။ ခြေထောက်တွေ လှုပ်ရှားတာ မှန်ပေမယ့် ခြေနင်းပေါ် ထည့်လိုက်တဲ့အားက ကျောရိုးအပါအဝင် အရိုးတွေအတွက် သက်ရောက်မှု မရှိပါဘူး။ သင်က နှစ်ပေါင်းများစွာ စက်ဘီးစီးလာသူဆိုရင် အရိုးကျိုးလွယ် အက်လွယ်တတ်လာမှာပါ။

၂။ ခံတွင်းဆေးရည်

ခံတွင်းဆေးရည် Mouthwash တွေက ဘတ်တီးရီးယားတွေကို မသေစေတဲ့ အပြင် Mouthwash ပါတဲ့ ပါဝင်ပစ္စည်း အချို့ က ဘတ်တီးရီးယားကို ထပ်တောင် ပွားစေနိုင်ပါသေးတယ်။ ခံတွင်းဆေးရည် အများစုမှာ ခံတွင်းခြောက်စေကာ ဘတ်တီးရီးယား ပိုးမွှားတွေကို ကပ်ပါလာစေနိုင်တဲ့ ပစ္စည်းတွေ ပါနေတတ်ပါတယ်။ ဒီကနေ ခံတွင်းအနံ့ဆိုး ထွက်စေတာပါ။ Menthol တို့ fluoride တို့ပါတဲ့ သဘာဝ ကုထုံး Mouthwash မျိုးကို ရွေးသင့်ပါတယ်။

၃။ ပဲစားတာ

ပဲမှာ ကယ်ဆီယမ် ထုတ်လုပ်ခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ Phytates acid တစ်မျိုး ပါဝင်ပါတယ်။ ကျွန်မတို့ အရိုးတွေ သန်မာဖို့ ကယ်ဆီယမ် စုပ်ယူမှု ကောင်းစေတဲ့ အစားအသောက်တွေကို စားပေးရပါမယ်။ ပဲကတော့ ဒါကို မကူညီပေးတဲ့အပြင် အဟန့်အတားပါ ဖြစ်စေကာ အရိုးအားနည်းစေပါတယ်။ ကယ်ဆီယမ် နည်းတဲ့အခါ သွားပါ အားနည်းနိုက်ပါတယ်။ ပဲကို ရှောင်တာမျိုး မဟုတ်ဘဲ မစားခင် ရေထဲမှာ နှစ်နာရီ သုံးနာရီလောက် စိမ်ပြီးမှ ချက်စားသင့်ပါတယ်။

၄။ ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ကယ်ဆီယမ် ပါပေမယ့် ကယ်ဆီယမ် ထုတ်လုပ်မှုကို ဟန့်တားနိုင်တဲ့ Oxalate လည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်ကို လုံးဝ မစားတာမျိုး မဟုတ်ဘဲ တခြား ကယ်ဆီယမ်ပါတဲ့ အစားအစာတွေနဲ့ တွဲစားပေးသင့်ပါတယ်။ ဥပမာ- ဟင်းနုနွယ်နဲ့ ချိစ်ပါ။

၅။ အင်္ကျီအကျပ်တွေ ဝတ်တာ

စတိုင်မိုက်တဲ့ အဝတ်အစားတွေကို ခေတ်ရေစီးကြောင်းနဲ့ အညီ ဝတ်စားတာက ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တာ ဖြစ်တတ်ပါတယ်။ ဥပမာ- ချွေးထွက်များတဲ့ မိန်းကလေးတွေအနေနဲ့ ဘောင်းဘီအကျပ်ကို ဝတ်တာများရင် မှိုရောဂါ ဖြစ်စေနိုင်ပါတယ်​။ ဒါကြောင့် ခန္ဓာကိုယ် သွေးစီးဆင်းမှု ပုံမှန်ဖြစ်စေတဲ့ အဝတ်အစား တွေကို ဝတ်ဖို့ အရေးကြီးပါတယ်။

Source: Brightside.me

By MyStyle Myanmar