Idol တွေဆိုတာ သူတို့ရဲ့ မိတ်ကပ် Look တွေကို ခေတ်နဲ့အညီ ဆန်းသစ်နေအောင် ပြောင်းလဲ လိမ်းခြယ်တတ်ကြသူတွေဖြစ်တာမို့ သင်ကိုယ်တိုင်လည်း ပုံမှန်နဲ့မတူတဲ့ မိတ်ကပ် Look လေးတွေရဖို့ သူတို့ကို နမူနာယူပြီး လိမ်းကြည့်သင့်ပါတယ်နော်။ အချို့နာမည်ကျော် Idol တွေရဲ့ မိတ်ကပ် Look လေးတွေက သာမာန် မိတ်ကပ် Look တွေထက် အရောင်လင်းကာ စိုစိုတောက်တောက်လေးဖြစ်စေပြီး နွေရာသီနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ မိတ်ကပ်ပြင်ရတာကြိုက်တဲ့ ပျိုမေတို့ Try ကြည့်နိုင်မယ့် Idol အချို့ရဲ့ အရောင်စိုစို မိတ်ကပ် Look ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Red Velvet အဖွဲ့ရဲ့ “Feel My Rhythm” ဆိုတဲ့သီချင်းမှာ အဖွဲ့ဝင်တွေလိမ်းခြယ်ခဲ့တဲ့ မိတ်ကပ် Look တွေက ကြည့်လိုက်တာနဲ့ စိတ်ကူးယဉ်ဆန်တဲ့ နူးနူးညံ့ညံ့ Vibe မျိုးရစေပါတယ်။

Eyeshadow သိပ်မဆိုးထားဘဲ မျက်လုံးနားမှာ Glitter ဒါမှမဟုတ် ကျောက်အသေးလေးတွေကပ်ထားပြီး ပန်းရောင်ပါးနီကို မျက်လုံးအောက်ပိုင်းမှာ ခပ်ထင်းထင်းလေးဆိုးကာ နှုတ်ခမ်းနီအရောင်ဖျော့ဖျော့လေးတွေနဲ့ ပေါင်းထားတဲ့ Fresh မိတ်ကပ် Look လေးဖြစ်ပါတယ်။

၂။ MAMAMOO အဖွဲ့ဝင် အဆိုတော် Wheein ရဲ့ “Make Me Happy” သီချင်းထဲက မိတ်ကပ် Look ကလည်း ဆွဲဆောင်မှုရှိပြီး ဓာတ်ပုံရိုက်တဲ့အခါ ထင်းနေမယ့် Eye Makeup လေးကိုရစေပါတယ်။

Matte ပုံစံမိတ်ကပ်အရောင်ငြိမ်ငြိမ်လေးလိမ်းပြီး Eyeshadow အတွက် အောက်ခံအရောင်မှိန်မှိန်လေးပေါ်မှာ အရောင်စုံ Glitter လေးတွေထည့်လိုက်တာက ပုံမှန်ထက်ဆန်းသစ်တဲ့ မိတ်ကပ် Look လေးရစေမှာပါ။

၃။ အဆိုတော် Taeyeon ရဲ့ အရောင်နုနုလေးတွေ စပ်ထားတဲ့ Look ကလည်း တစ်မျိုးလေးဆန်းပြီး အရမ်းချစ်စရာကောင်းပါတယ်။

သူမဟာ ဒီ ဆန်းသစ်တဲ့ Look အတွက် Outfit ၊ ဆံပင်အရောင်တို့နဲ့ လိုက်ဖက်တဲ့ မျက်ခုံး ကာလာ၊ Eyeshadow အပြာနဲ့ ပန်းရောင်နုနုလေးတွေကို စပ်ဆိုးထားပြီး အောက်မျက်ခွံထောင့်မှာ Glitter တောက်တောက်လေးတွေ ထည့်ထားတာကိုတွေ့ရပါတယ်။

၄။ “ASAP” သီချင်းထဲမှာတွေ့ရတဲ့ STAYC အဖွဲ့ဝင်ရဲ့ ပန်းရောင်နဲ့ Peach အရောင်တွေစပ်ထားတဲ့ မိတ်ကပ် Look လေးတွေကလည်း အသားဝင်းဝင်း Warm Skin Tone ရှိသူ လူငယ်မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး ထင်းနေစေမယ့် Look လေးတွေ ဖြစ်ပါတယ်။

၅။ စိုစိုပြောင်ပြောင် မိတ်ကပ် Look တွေနဲ့ပက်သက်လာရင် အမြဲသဘာဝဆန်တဲ့ Glow မိတ်ကပ် Look လေးတွေပြင်တတ်တဲ့ အဆိုတော် IU ကိုလည်း မေ့ထားလို့မရပါဘူး။

ဒါကြောင့် Glow မိတ်ကပ် Look ရချင်တဲ့ ပျိုမေတို့အနေနဲ့ သူမရဲ့ “LILAC” သီချင်းဖျော်ဖြေပွဲမှာတွေ့ရတဲ့ Makeup Look ပုံစံလေးအတိုင်း ပြင်ကြည့်လိုက်ပါ။


Source: soompi.com