သီချင်းတွေက လူတွေရဲ့စိတ်ခံစားချက်တွေအပေါ် လွှမ်းမိုးမှုရှိတာမို့ အဓိပ္ပာယ်ရှိတဲ့ သီချင်းကောင်းလေးတွေ နားထောင်တာက သင့်ကို စိတ်ကြည်လင်ပြီး တစ်နေ့တာ Mood ကောင်းနေဖို့ ကူညီပေးမှာပါ။ ဒီတစ်ခေါက်မှာ Kpop ပရိတ်သတ်တွေသိပြီးသား နာမည်ကြီး Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ (G)I-DLE အဖွဲ့ ရဲ့ မိန်းကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိဖို့ သတိပေးနေသလို အဓိပ္ပာယ်တွေပါဝင်နေတဲ့ သီချင်းကောင်းလေးတွေကို ဖော်ပြပေးသွားမှာပါ။ တစ်ကြိမ်နားထောင်လိုက်ရုံနဲ့ နားထဲစွဲသွားစေမယ့် သီချင်းကောင်းတွေဖြစ်လို့ Kpop ပရိသတ်တွေအပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိ ပြောင်းလဲချင်တဲ့သူတွေ နားထောင်ဖို့လည်း ကွက်တိပါပဲ။ ဒီတော့ သင်နားထောင်နေကျ သီချင်းတွေဖြစ်မလား စိတ်ဝင်စားတယ်ဆိုရင် ကြည့်ကြည့်လိုက်ရအောင်နော်-

(G)I-DLE – Queencard

Queencard သီချင်းက မိန်းကလေးတိုင်းဟာ အလှကိုယ်စီရှိတာမို့ ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းလက်ခံပြီး အစွမ်းကုန်တောက်ပသင့်ကြောင်း Queencard ဆိုတဲ့ စာသားနဲ့အတူ ဖော်ပြထားတာပါ။

(G)I-DLE- TOMBOY

TOMBOY သီချင်းကတော့ စိတ်ခံစားချက်သက်ရောက်မှုက ဘယ်လိုပဲရှိပါစေ ဘယ်စံနှုန်းတွေကမှ ကိုယ့်ရဲ့ဖြစ်တည်မှုကို မသတ်မှတ်နိုင်ကြောင်း စိတ်ခွန်အားပေးနေတဲ့ သီချင်းကောင်းလေးပါနော်။ သူက နားထောင်လိုက်တိုင်း ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘဲ စိတ်လွတ်လက်လွတ် အထာကျကျနေသူတစ်ယောက်လို ခံစားရမှာပါ။

(G)I-DLE – Allergy

Allergy သီချင်းကတော့ လူတိုင်းရဲ့ သဘောကျမှုကို ခံရဖို့ အမြဲကြိုးစားနေမိတဲ့ သာမာန်မိန်းကလေးတစ်ယောက်အကြောင်းရေးဖွဲ့ထားတာပါ။ ကိုယ်တိုင်ရေးသီချင်းလေးဖြစ်တာကြောင့် ဒီသီချင်းကတစ်ဆင့် မိန်းကလေးတိုင်းက အားငယ်စိတ်ဖြစ်တတ်တာမို့ ဒါကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကြိုးစားနိုင်ဖို့ အားဖြစ်စေမှာပါ။

(G)I-DLE – Nxde

ဒီသီချင်းကတော့ လူတိုင်းဟာ အပြင်ပန်း အရေခွံခြုံထားသူတွေသက်သက်ဖြစ်ပြီး အသားအရောင်၊ အချိုးအစားတွေက ကိုယ့်ရွေးချယ်မှုနဲ့ ဖြစ်တည်မှုအပေါ်သက်ရောက်မှုမရှိကြောင်း နားထောင်သူတွေ ဆွဲသွားအောင် ပညာသားပါပါ ရေးစပ်သီဆိုထားတာပါ။ အပြင်ပန်းကိုကြည့်ပြီး သူများအပေါ် မဝေဖန်မိစေဖို့ပါ တိုက်တွန်းထားတဲ့ အဓိပ္ပာယ်ကောင်းတွေပါဝင်တဲ့ သီချင်းလေးဆိုရင်လည်း မမှားပါဘူး။

YUQI (G)I-DLE – Giant

(G)I-DLE အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ YUQI တစ်ကိုယ်တော်သီဆိုထားတဲ့ Giant သီချင်းလေးကတော့ ဘဝမှာ ကျရှုံးမှုတွေနဲ့ ဘယ်လောက်ပဲကြုံကြုံ အမြဲအားတင်းပြီး Giant တစ်ယောက်လို တစ်ကြိမ်ကျရှုံးတိုင်း တစ်ဆပို သန်မာလာအောင် ပြန်ထနိုင်ဖို့ အားပေးထားတဲ့ သီချင်းကောငိးတစ်ပုဒ်ပါ။ သူမရဲ့ အသံဩဇာအပြည့်နဲ့ သီဆိုဟန်ကလည်း နားထောင်ရသူတိုင်းအတွက် အားတက်စေမှာ အမှန်ပါပဲ။

Source: Youtube
By MyStyle Myanmar