သင်က ညီမ ဒါမှမဟုတ် အစ်မ ဖြစ်သူနဲ့ အပြင်သွားလေ့ မရှိသူဆိုရင် ဘယ်ကို သွားရမှန်း မသိဖြစ်တတ်ပါတယ်။ ဒီလိုပဲ မတွေ့ရတာ ကြာတဲ့ ညီအစ်မတွေအနေနဲ့လည်း ပြန်လည်ဆုံတဲ့အခါ အပြင်မှာ ဘယ်လိုဒိတ်ရမလဲ မသိ ဖြစ်တတ်ပါတယ်။ ဒီလို အခက်ကြုံနေတဲ့ ညီအစ်မတွေအတွက် အပြင်သွားတဲ့အချိန် ဘယ်လိုပျော်ရွှင်စရာတွေ ဖန်တီးနိုင်မလဲ၊ ဘာတွေလုပ်နိုင်မလဲ၊ ဘယ်တွေ သွားနိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ ကော်ဖီဒိတ်

ကော်ဖီဆိုင်မှာ ညီအစ်မနှစ်ယောက်ထိုင်ရင်း အဆင်လေးတွေကို ပြိုင်ငမ်းနိုင်သလို၊ ရှေ့ ဘာတွေ လုပ်မလဲ နှစ်ယောက် တိုင်ပင်နိုင်ပါတယ်။ ဒီလို သပ်သပ်လေး တွေ့ပေးတာက ညီအစ်မ သံယောဇဉ်ကို ပိုတိုးစေသလို တစ်ယောက် အကြောင်း တစ်ယောက် ပိုသိလာစေပါတယ်။

၂။ ရှော့ပင်းထွက်ပါ

မိန်းကလေးအများစုက ပိုက်ဆံသာ လက်ထဲရှိမယ်ဆိုရင် Shopping ထွက်ရတာကို အပျော်ဆုံး ဖြစ်မှာပါ။ ညီအစ်မ တွေအနေနဲ့ နှစ်ယောက်အတူတူ ရှော့ပင်းထွက်နိုင်ပြီး ဖက်ရှင် အကြံတွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပေးနိုင်ပါတယ်။ ဒါ့အပြင် ညီအစ်မတွေ ဖြစ်တာကြောင့် ချစ်သူ ရည်းစားထက် စာရင် ပိုအကူအညီ ဖြစ်စေပါတယ်။

၃။ လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာမှာ Gym ပဲ သွားလို့ရတာ မဟုတ်ပါဘူး။ Gym အပြင် ညီအစ်မ နှစ်ယောက် လုပ်နိုင်မယ့် လေ့ကျင့်ခန်း တစ်ခုကတော့ လမ်းလျှောက်တာပါ။ ဒါမှမဟုတ် ပြေးတာပါ။ ညီအစ်မတွေ လေ့ကျင့်ခန်း အတူတူ လုပ်တာကြောင့် ပိုပျော်စရာ ကောင်းပြီး ကျန်းမာရေး ပိုကောင်းစေပါလိမ့်မယ်။

၄။ လက်သည်းနီ၊ ခြေသည်းနီဆိုးပါ၊ ဆံပင်ပြင်ပါ

သင်တို့တွေ သွားနေကျ အလှပြင်ဆိုင်ကို သွားကာ ဆံပင်အရောင်ဆိုးတာ၊ ဆံပင် ပုံစံ ပြောင်းတာတွေ လုပ်နိုင်ပါတယ်။ ဒီလိုပဲ ညီအစ်မတွေ အမောဖြေတဲ့အနေနဲ့ လက်သည်းနီ၊ ခြေသည်းနီ ဆိုးနိုင်ပါတယ်။ ဒီလို Activity တွေက ပိုပျော်ဖို့ ကောင်းပါတယ်။

၅။ လေ့လာရေး

ကိုယ့်မြို့တွင်းမှာ ဘယ်လို အထင်ကရ နေရာတွေ ရှိလဲ၊ ဘယ်ဆိုင်တွေ ကောင်းလဲ စသဖြင့် ညီအစ်မတွေ ရှာဖွေ တူးဆွနိုင်ပါတယ်။ အတူတူ သွားရင်း နှစ်ဦးလုံး သဘောကျတဲ့ ဆိုင်တွေ မှတ်ထားကာ နောက်တစ်ခေါက် သွားနိုင်ပါတယ်။ နေရာအသစ်တွေကို အတူတူ သွားတာက ပိုအားရှိစေကာ ပိုပျော်ဖို့ကောင်းပါတယ်။

သင့် အစ်မ ဒါမှမဟုတ် သင့်ညီမကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar