ဖျားနေတဲ့အချိန် အစားမှားသွားလို့ ပိုဆိုးသွားတာတွေကို သင်ကြားဖူးမှာပါ။ ဖျားနေတဲ့အချိန် နာမကျန်းဖြစ်နေတဲ့အချိန်တွေမှာ အစားအသောက်ရွေးချယ်ခြင်း မှန်ကန်မှုက သင့်ကိုယ်ခံအားစွမ်းရည်ကို တိုးတက်စေမှာပါ။ အစားမှားရင်တော့ နေမကောင်းတာပိုဆိုးသွားနိုင်ပါတယ်။ ဒီတော့ သင်ဖျားနေတဲ့အချိန် ရှောင်သင့်တဲ့အစားအစာတွေနဲ့ စားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပါရစေ-

ရှောင်ရန်

၁။ စတော်ဘယ်ရီသီး


စတော်ဘယ်ရီက နေမကောင်းတာအတွက် သင့်တော်တဲ့အစားအသောက်လို့ သင်ထင်နေနိုင်ပါတယ်။ ဒါက မှားယွင်းပါတယ်။ စတော်ဘယ်ရီမှာ ပါဝင်တဲ့ Histamine-Releaser က အသက်ရှူကျပ်တာဖြစ်နိုင်ပါတယ်။

၂။ အချိုမုန့်တွေ


သကြားပါဝင်မှုများတဲ့ အချိုစာတွေစားခြင်းက သင့်ကိုယ်ခံအားကို အားနည်းစေပြီး ပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥတွေရဲ့ စွမ်းအားကို ယုတ်လျော့စေပါတယ်။ ဒါကြောင့် ဖျားနေတဲ့အချိန် စားချင်တယ်ဆိုရင်လည်း ထိန်းထိန်းသိမ်းသိမ်း စားပေးသင့်ပါတယ်။

၃။ အသင့်စားအစားအသောက်တွေ


အသင့်စားအစားအစာတွေမှာ သကြား၊ အဆီဓာတ်နဲ့ ဆားပမာဏများစွာပါဝင်ပါတယ်။ ဒီအစားအသောက်တွေက ခန္ဓာကိုယ် ပြန်လည်ကုသခြင်းဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ သရေစာ၊ အအေး၊ ကြက်အူချောင်းစတာတွေကို မစားသင့်ပါဘူး။

၄။ ချဉ်တည်ထားတဲ့အစားအသောက်


အအီပြေအနေနဲ့ စားနိုင်တဲ့ ချဉ်တည်ထားတဲ့ အစားအစာတွေကို ဖျားနေတဲ့အချိန် မစားသင့်ပါဘူး။

၅။ မုန့်ကြွပ်


သင်က လည်ချောင်းနာနေတယ်ဆိုရင် မုန့်ကြွပ်တွေဖြစ်တဲ့ အာလူးကြော်၊ မုန့်အကြွပ်ကြော်စတာတွေကို ရှောင်သင့်ပါတယ်။ မဟုတ်ရင်တော့ လည်ချောင်းယားပြီး သက်သာတာ နှေးကွေးစေမှာပါ။

စားသင့်တဲ့အစားအစာများ

၁။ ကြက်သားစွပ်ပြုတ်


ကြက်သားစွပ်ပြုတ်က သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်နေစေပြီး အာဟာရကြွယ်ဝပါတယ်။ ဖျားနာနေသူတွေအတွက် သင့်တော်တဲ့အစားအစာပါ။

၂။ ငရုတ်သီးအနီ


ငရုတ်သီးက ချွဲသလိပ်ကို ချေဖျတ်ပေးပြီး နှာစေး ချောင်းဆိုးသက်သာစေပါတယ်။

၃။ ဂျင်း


ဂျင်းပြုတ်ရည်တစ်ခွက်က ဖျားနာတဲ့အချိန် မိတ်ဆွေကောင်းပါပဲ။ ဂျင်းပြုတ်ရည်က ဗိုင်းရပ်စ်ကို တိုက်ထုတ်ပေးပါတယ်။ ချွဲကျပ်သက်သာစေပြီး လည်ချောင်းနာ သက်သာစေပါတယ်။

၄။ မှို


မှိုက အရသာရှိတဲ့အပြင် ခုခံအားကိုလည်း တက်စေပါတယ်။ ဗိုင်းရပ်စ်သေစေပြီး ဖျားနာသူတွေစားသုံးသင့်ပါတယ်။

၅။ Cranberries သီး


အလုံးသေးပေမယ့် အာဟာရများစွာပါဝင်တဲ့ Cranberries သီးတွေက ဗီတာမင်စီနဲ့ အက်တီအောက်ဆီးဒင့်ကြွယ်ဝပါတယ်။ လေ့လာမှုတစ်ခုမှာ Cranberries ဖျော်ရည်သောက်သူတွေက မသောက်သူတွေထက် အဖျားဝင်တာ နည်းပါးကြောင်း တွေ့ရှိထားပါတယ်။

Source: Brightside.me

By MyStyle Myanmar