အရွယ်ရလာတဲ့ အမျိုးသားတွေ အရင်ဆုံး ကြုံရတဲ့ ပြဿနာက ထိပ်ပြောင်လာတာပဲ ဖြစ်ပါတယ်။ အသက် ၄၀ ကနေ ၄၉ နှစ်အတွင်း အမျိုးသားတွေရဲ့ ၅၈% ဟာ ဆံပင်ကျွတ်နိုင်ခြေမြင့်မားတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု ၊ အသက်အရွယ် ၊ လူနေမှုပုံစံနဲ့ မျိုးရိုးဗီဇတွေက အဓိကအဖြစ် ပါဝင်နေပါတယ်။ ဆံပင်ကျွတ်စေတဲ့ တိကျတဲ့ အကြောင်းရင်းကို သိရဖို့ ခက်ခဲ့ပေမယ့် ဒီကျန်းမာရေးပြဿနာကို အစားအသောက်နဲ့ ကာကွယ်နိုင်ပါတယ်။

(၁) အယ်လ်မွန် နဲ့ အသီးခြောက်များ

Photo: Medical News Today

ဆံပင်သန်စွမ်းကျန်းမာရေးအတွက် ဖြည့်စွက်အစာအဖြစ် အယ်လ်မွန်စေ့တွေ စားကြဖို့ အတော်များများ တိုက်တွန်းကြပါတယ်။ အယ်လ်မွန်စေ့တွေနဲ့ သစ်သီးခြောက်တွေဟာ မဂ္ဂနီဆီယမ် ၊ အိုမီဂါ သရီးနဲ့ ဆစ် ဖက်တီးအက်ဆစ်တွေ ကြွယ်ဝတဲ့ သစ်သီးတွေ ဖြစ်ပြီး ဆံပင်သန်စွမ်းမှုအပြင် ဆံသားကျန်းမာရေးအတွက်ပါ အားဖြည့်ပေးပါတယ်။

(၂) အသည်းနှင့် ကလီစာဟင်းများ

Photo: Shemin’s

ဒီအစားအစာတွေက ဗိုက်တာမင်ကြွယ်ဝမှု မြင့်မားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဆံသားဆဲလ်တွေ သန်မာစေမယ့် ဗိုက်တာမင် အေ ၊ ဦးရေပြား ခြောက်သွေ့ပါးလွှာပြီး အက်ကွဲလွယ်တဲ့ သူတွေအတွက် အထောက်အကူဖြစ်စေမယ့် သံဓါတ်နဲ့ စိတ်ဖိစီးမှု လျှော့ချပေးမယ့် ဗိုက်တာမင် ဘီတို့လည်း ပါဝင်ပါတယ်။

(၃) ပဲအမျိုးမျိုး

Photo: The Daily Meal

ပဲသီးတွေဟာ သံဓါတ် ၊ ဗိုက်တာမင်ဓါတ်တွေ ပေါကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ပဲသီး ၊ ပဲပုပ် ၊ ပဲတော့ရှည်နဲ့ ကုလားပဲတို့ဟာ ဆံပင်ကျွတ်လွယ်သူတို့အတွက် လက်စွဲအဖြစ် နေ့စဉ် ဟင်းလျာထဲမှာ ထည့်စားပေးသင့်ပါတယ်။

(၄) ပရိုတိန်းကြွယ်ဝသည့် အစားအစာများ

Photo: Unlock Food

Gym ကစားသူတွေဟာ ကြွက်သားတက်ဖို့ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ ကြက်သားလိုမျိုး White Meat တွေနဲ့ ကြက်ဥတွေ စားပေးကြပါတယ်။ ပရိုတိန်းဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာပါ။ အသားမစားသူဆိုရင် ဒိန်ချဉ် ၊ တို့ဖူးနဲ့ချိစ်တို့ စားပေးနိုင်ပါတယ်။

(၅) အစိမ်းရောင် အသီးအရွက်များ

Photo: Medium

ဆလတ် ၊ မုန်ညင်း ၊ ဂေါ်ဖီနဲ့ ဆမြိတ်နံနံ စတဲ့ အစိမ်းရင့်ရောင် အရွက်တွေဟာ သံနဲ့ ဆီလီကာဓါတ် ပေါများပြီး ဆံပင် သန်စွမ်းကျန်းမာဖို့ အထောက်အကူပြုပါတယ်။ အခုပြောတဲ့ အစားအသောက်တွေ နေ့စဉ် ပုံမှန် စားပေးမယ်ဆိုရင် ဆံပင်ကျန်းမာရေးကောင်းပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်တာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။