ပျိုမေတိုင်းလိုလို ပိုင်ဆိုင်ချင်ကြတဲ့ အရာ တစ်ခုကတော့ သွယ်လျတဲ့ Body Shape ပါ။ ဒီလို Body Shape ပိုင်ဆိုင်တဲ့အခါ အဘက်ဘက်မှာ စိတ်ချမ်းသာရပါတယ်။ ဗိုက်မှာ အဆီမရှိရင် အရင်ထက် ပိုနေလို့ကောင်းလာပြီး ဘာဝတ်ဝတ် ပိုယုံကြည်မှု ရှိလာပါတယ်။ ဗိုက်မပူတာကြောင့် ဘာကိုမှ စိုးရိမ်စရာ မလိုဘဲ ဓာတ်ပုံရိုက်တဲ့အခါလည်း အေးဆေးပါပဲ။ ဒါပေမဲ့ အလွယ်တကူ ရနိုင်တဲ့ အဆီများတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုတွေကြောင့် မိန်းကလေး အများစု ဗိုက်အဆီရှိတတ်ပါတယ်။

ဗိုက်နေရာ အဆီမရှိဖို့က လုပ်ရ ခက်ခဲသလို လုပ်သင့်တဲ့ အလေ့အကျင့်တွေကို ပုံမှန်လုပ်သွားဖို့ လိုပါတယ်။ ဒီတော့ အမြဲ ဗိုက်နေရာ အဆီမရှိအောင် ဘယ်လိုအလေ့အကျင့်တွေကို လိုက်နာသင့်လဲ ကြည့်လိုက်ရအောင်-

၁။ 10k Walk

Photo Source: Tenor

သင်က အားကစား မလုပ်ဖြစ်ရင်တောင် တစ်နေ့မှာ ခြေလှမ်းပေါင်း ၁ သောင်း လျှောက်ပေးသင့်ပါတယ်။ ခြေလှမ်း ၁ သောင်းပြည့်အောင် လမ်းလျှောက်ပေးတာက ဗိုက်အဆီပိုတွေကို ကျစေပါတယ်။

၂။ အစားအသောက် အစစ်တွေကိုပဲ စားပါ

အစားအသောက် အစစ်ဆိုတာက Artificial Food မဟုတ်တဲ့ အစားအသောက်ပါ။ ဥပမာ- ဟမ်ဘာဂါက Artificial Food ဖြစ်ပြီး ခရမ်းချဉ်သီးကတော့ အစားအသောက် အစစ်ဖြစ်ပါတယ်။ တစ်ခုခုစားခါနီးတိုင်း အစားအသောက် အစစ် ဖြစ်ရဲ့လား အရင်ကြည့်သင့်ပါတယ်။

၃။ အိပ်ချိန်

ဗိုက်အဆီကျဖို့ အားကစားဘယ်လောက်ပဲ လုပ်ပါစေ၊ ဘယ်လောက် အစားအသောက် ကို ဆင်ခြင်ပါစေ မထိရောက်ဘူး ဆိုရင်တော့ သင့် အိပ်ချိန်ကို ဆန်းစစ်သင့်ပါတယ်။ တစ်နေ့မှာ ပုံမှန် အိပ်ချိန် ၇ နာရီကနေ ၈ နာရီ ပြည့်အောင် ထားသင့်ပါတယ်။

၄။ Probiotics မှီဝဲပါ

Probiotic ထဲမှာ ပါဝင်တဲ့ ကောင်းမွန်တဲ့ Bacteria တွေက သင့်ဗိုက်အဆီကို ကျစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ဗိုက်အဆီကျချင်သူတွေ အနေနဲ့ Probiotics ပါဝင်တဲ့ ဒိန်ချဉ် သောက်ပေးသင့်ပြီး Supplement တွေကိုပါ မှီဝဲနိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းလုပ်တဲ့အခါ

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့က ဗိုက်အဆီကျချင်သူတွေ အတွက် အရေးပါပါတယ်။ သင်လုပ်တဲ့ လေ့ကျင့်ခန်းတွေထဲမှာ Cardio လေ့ကျင့်ခန်း၊ HIIT လေ့ကျင့်ခန်းတွေပါ ထည့်သွင်း လုပ်ပေးသင့်ပါတယ်။ အားကစားနည်း တစ်မျိုးတည်း မဟုတ်ဘဲ အမျိုးမျိုး ပေါင်းစပ် လုပ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar