Gothic-Themed ဇာတ်လမ်းတွေက အခုနောက်ပိုင်း လူငယ်တွေကြား ရေပန်းစား အကြိုက်များလာတဲ့ ဇာတ်လမ်းစတိုင် ဖြစ်ပါတယ်။ မှောင်တဲ့ Theme နဲ့အတူ စိတ်ဝင်စားစရာ ကောင်းပြီး ချောက်ချားဖွယ် Vibe ကို Gothic စတိုင် ဇာတ်လမ်းတွေက ပေးစွမ်းလေ့ရှိပါတယ်။ ဒီလို ဇာတ်လမ်းတွေက သင့်ကို ဇာတ်လမ်းပြီးတဲ့အထိ နေရာက မရွှေ့ချင်အောင် ဆွဲဆောင်ထားလေ့ရှိပါတယ်။ သင်က ဒီလို ဇာတ်လမ်းမျိုးတွေကို နှစ်သက်ရင် အောက်ပါ ဇာတ်လမ်းတွေကို သင် အကြိုက်တွေ့မှာပါ။

၁။ Wednesday

အတိတ်နဲ့ အနာဂတ်ကို ကြိုမြင်ရတဲ့ လူငယ်မိန်းကလေးတစ်ယောက်က Nevermore Academy လို့ခေါ်တဲ့ ကျဉ်ခံရတဲ့ ကျောင်းသားတွေ စုထားတဲ့ ကျောင်းထဲကို ပြောင်းရွှေ့လာရပါတယ်။ သူမဟာ ဒီကျောင်းကို ရောက်မှ သူမ မိသားစုရဲ့ သရုပ်မှန်ကို သိခဲ့ရပြီး နှစ်ပေါင်းများစွာက ထိတ်လန့်ဖွယ် အကြောင်းအရာတစ်ခုက သူမကို စောင့်ကြိုနေခဲ့ပါတယ်။

၂။ Riverdale

High School လူငယ်အုပ်စု တစ်စုဟာ သူတို့ ကျောင်းနေဖက်ရဲ့ သတ်ခံရမှု နောက်ကွယ်က အကြောင်းအရင်းကို ဖြေရှင်းဖို့ ကြိုးစားရင်း သူတို့ မြို့က ကွင်းဆက် လူသတ်သမားကို ရှာဖွေရပါတော့တယ်။

၃။ A Series of Unfortunate Events

မိဘမဲ့ သုံးယောက်ဟာ မီးရှို့သတ်ခံခဲ့ရတဲ့ မိဘတွေရဲ့ နောက်ကွယ် အကြောင်းအရင်းကို လိုက်ရှာရာက စတဲ့ စိတ်ဝင်စားဖွယ် ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။

၄။ The School for Good and Evil

စိတ်နေစိတ်ထား၊ ပုံစံ လုံးဝ မတူတဲ့ အခင်ဆုံး သူငယ်ချင်း နှစ်ယောက်က သူတို့ရဲ့ ကျောင်းကို မကောင်းဆိုးဝါး ရန်သူတွေရဲ့ လက်ကနေ ကာကွယ်ရမှာပါ။

၅။ Crimson Peak

စာရေးဆရာမ တစ်ဦးက လျို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ အမျိုးသား တစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ကို ပြောင်းလာပြီးနောက်မှာတော့ အဲ့အိမ်မှာ နေတဲ့ သရဲတွေဟာ သူမကို ဆက်တိုက် ခြောက်လှန့်ကြပါတော့တယ်။ ဒီကနေတဆင့် မသိသင့်တဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားလာပါတော့တယ်။

သင်က ဒီဇာတ်လမ်းတွေထဲမှာ ဘယ်ဇာတ်လမ်းကို ကြည့်ပြီးပြီလဲ ပြောပြခဲ့ပါဦး။

Source: Preview

Video Source: YouTube

by MyStyle Myanmar