တချို့မိန်းကလေးတွေက ယောကျာ်းလေးတွေပြောတဲ့အတိုင်း လက်ခံပြီး တသွေမတိမ်းမလုပ်တတ်ပါဘူး။ သူတို့ရဲ့ဘဝမှာ လိုချင်တဲ့အရာကို အတိအကျသိထားပြီး ဘယ်သူ့ကိုမှ အားမကိုးပါဘူး။ ကျွန်မတို့မိန်းကလေးတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ လေ့ကျင့်သင့်ပါတယ်။ ရာသီခွင်တချို့ကတော့ လေ့ကျင့်စရာမလိုဘဲနဲ့ကို အမှီအခိုကင်းပြီး ယောကျာ်းလေးတွေရဲ့ ထိန်းချုပ်မှုကို မခံကြပါဘူး။ ဒီရာသီခွင်တွေကတော့-

၁။ Aries (March 21 ကနေ April 19)

Aries ရာသီဖွားတွေက အမှီအခိုကင်းကြပါတယ်။ သူတို့ဘယ်လောက်ပဲစိတ်ညစ်ပါစေ ဘယ်သူမှ မမြင်ရအောင် ဖုံးကွယ်တတ်ပါတယ်။ အဖွဲ့ထဲမှာဆိုလည်း အကြီးနေရာ၊ ခေါင်းဆောင်နေရာရကြပါတယ်။ လောကဓံဘယ်လောက်ပဲတိုက်ခိုက်ပါစေ ကြံ့ကြံ့ခံရပ်တည်ကြပါတယ်။ တိုက်ပွဲဝင်ဖို့ အမြဲအဆင့်သင့်ပါပဲ။

၂။ Taurus (April 20 ကနေ May 20)

ဒီရာသီမွေးဖွားသူတွေက ထိန်းချုပ်ခံရတာကိုမကြိုက်ပါဘူး။ သူတို့ကိုယ်တိုင် ထိန်းချုပ်ရမှ ကြိုက်တာပါ။ စိတ်ထိခိုက်လွယ်ပါတယ်။ သူတို့ရဲ့အတွေးကို ပြောင်းလဲသွားအောင် လုပ်နု်ိင်သူမရှိပါဘူး။ ယောကျာ်းလေးတစ်ယောက်က သူ့အကြိုက်လက်ဆောင်တွေ ဘယ်လောက်ပဲဝယ်ပေးပါစေ ဒီရာသီခွင်တွေရဲ့စိတ်ကတော့ တစ်သမတ်တည်းပါပဲ။

၃။ Gemini (May 21 ကနေ June 20)

ဒီရာသီဖွားတွေကလည်း စိတ်ထိခိုက်လွယ်ကြပါတယ်။ ဒါပေမဲ့ သူ့ကိုထိန်းချုပ်နိုင်မယ်လို့ မထင်လိုက်ပါနဲ့။ Gemini တွေရဲ့ စကားတစ်ခွန်းက အရာရာကို အပိုင်သိမး်နို်င်ပါတယ်။ စကားအရာ ပါးနပ်ကြပါတယ်။

၄။ Sagittarius (November 22 ကနေ December 21)

ဒီရာသီမွေးဖွားသူတွေက လွတ်လပ်မှုကို နှစ်သက်ကြပါတယ်။သင်က သူနဲ့တွဲနေရင်း အဆင်မပြေဖြစ်ကြည့်လိုက် သူ့ဘက်က သင့်ကို စွန့်ခွာသွားဖို့ ဝန်မလေးပါဘူး။ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လောက်ပဲသဘောကျပါစေ လွတ်လပ်မှုကိုတော့ အထိခိုက်မခံပါဘူး။

၅။ Capricorn (December 22 ကနေ January 19)

Capricorn ရာသီဖွားတွေက သူတို့မှန်တယ်ထင်ရင် သင်ဘယ်လောက်ပဲပြောနေပါစေ နားထောင်မှာမဟုတ်ပါဘူး။ တာဝန်ယူစိတ်အပြည့်အဝရှိသူတွေဖြစ်ပါတယ်။ သင်က ဒီရာသီဖွားရဲ့ ချစ်သူဆိုရင် သူမကို ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ သူထားခဲ့တာကို သင်တစ်ဝကြီးခံစားရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar