Crop Top ဆိုတဲ့ ခါးတိုအင်္ကျီလေးတွေဟာ ဘယ်လိုအဝတ်အစားတွေနဲ့ တွဲဖက်ပြီး ဝတ်ဆင်ဝတ်ဆင် အလွန်ကြည့်လို့ကောင်းပါတယ်။ ဒီလိုခါးတိုလေးတွေကို ဝတ်ဆင်ဖို့အတွက် ခါးလုံးဝချပ်နေဖို့ မလိုပါဘူး။ သူများနည်းတူပဲ Crop Top ဒီဇိုင်းစုံလေးတွေကို နည်းလမ်းမျိုးစုံနဲ့ ဝတ်ဆင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဂျင်းဘောင်းဘီများနှင့်

Crop Top တွေကို ဖက်ရှင်ကျအောင် ဝတ်ဆင်ဖို့အတွက် ခေတ်အဆန်ဆုံးနည်းလမ်းကတော့ ဂျင်းဘောင်းဘီတွေပါပဲ။ ခါးအမြင့်ရှိတဲ့ ဂျင်းဘောင်းဘီတွေကို ဇာခါးတို Crop Top လေးတွေ၊ ဒေါက်မြင့်ဖိနပ်တို့နဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် နွေရာသီနဲ့ Festival များအတွက် အကောင်းဆုံး ဖက်ရှင်ပါပဲ။

စကပ်တိုများနှင့်

အကယ်၍ ဘောင်းဘီမဟုတ်ဘဲ နောက်တမျိုးလေးပြောင်းဝတ်ချင်ရင်တော့ ဒူးလောက်ရှိတဲ့ စကပ်တိုလေးတွေကို ဗိုက်ဖုံးရုံလောက်ပဲရှိတဲ့ Crop Top များနှင့် ဝတ်ဆင်ပေးနိုင်ပါတယ်။ ပြီးပြည့်စုံတဲ့အသွင်ကို ရရှိချင်ရင်တော့ အရောင်တောက်တောက်၊ ပန်းပွင့်ဒီဇိုင်းနဲ့ လက်ကိုင်အိတ်၊ လက်ပွေ့အိတ် တွေကို တွဲဖက်ပေးနိုင်ပါတယ်။

ဘောင်းဘီအပွများ

အရှေ့တိုင်းဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ မည်သည့်အသွင်တွင်မဆို လိုက်ဖက်ညီစွာ ဝတ်ဆင်နိုင်မယ့် ဘောင်းဘီတစ်မျိုးဖြစ်ပါတယ်။ ဒီလိုဘောင်းဘီရှည်တွေဟာ Crop Top အင်္ကျီတွေနဲ့ အလွန်လိုက်ဖက်မှုရှိလှပါတယ်။ ပိုပြီးစတိုင်ကျကျ ဝတ်လိုတယ်ဆိုရင်တော့ အရှေ့ခါးတိုပြီး အနောက်အတန်ငယ်ရှည်တဲ့ Crop Top နဲ့ ဝတ်ဆင်ပေးနိုင်ပါတယ်။

အပေါ်အောက်တစ်ဆက်တည်း ဝတ်စုံတွေ

ဒီလိုမျိုးဝတ်စုံတွေဟာ Crop Top သာမက အခြားအဝတ်အစားတွေနဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါမှာလည်း ထသွားထလာဒီဇိုင်းဆိုပေမယ့် ခေတ်ဆန်တဲ့အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ ရှူးဖိနပ်လေးတွေ၊ Crop Top နဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါမှာ ဘေးဖက်ကနေပြီး အသားကိုမြင်နေတဲ့ ဆွဲဆောင်မှုရှိတဲ့ အသွင်ကို ရရှိစေမှာပါ။

ဘောင်းဘီရှည်တွေ

ကိုယ့်မှာရှိပြီးသားအဝတ်အစားတွေနဲ့ပဲ ဖက်ရှင်ကျကျ ဝတ်လိုတယ်ဆိုရင်တော့ ဒီလိုဖက်ရှင်မျိုးကိုလည်း Try ကြည့်လို့ရပါတယ်။ အကယ်၍ အကွက်ဒီဇိုင်း Crop Top ကိုဝယ်ယူထားမိတယ်ဆိုတော့ အရောင်တူအကွက်ဒီဇိုင်း ဘောင်းဘီရှည်များ၊ ဒေါက်ဖိနပ်များနှင့် အတွဲညီညီ ဝတ်ဆင်နိုင်ပါတယ်။